သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ပေါက်ပန်း

Saturday, September 8, 2012

ပေါက်ပန်း


အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်...
မဖြစ်တော့ မပျက်ဘူးပေါ့လေ...
ပျက်ချင်ပျက်ပါစေ..
တစ်ခါတစ်ခေါက်လောက်တော့ ဖြစ်ချင်သေးရဲ့.......

အကြောင်းတရားတွေကြောင့်
အကျိုးတရားတွေဖြစ်....
အကျိုးတွေဖြစ်စရာ ..
ဘာ အကြောင်းမှ မရှိဘူး.....
အကျိုးတွေဖြစ်လာအောင် အကြောင်းအရာလေးတော့ လိုချင်ခဲ့...

ကိုယ်ကမသွားပဲ...
ကိုယ့်ဆီကို ရောက်လာလိမ့်နိုးနဲ့...
တစ်နေ့...
ပြီး....
တစ်နေ့....
စောင့်ရင်း...
ခွဲခွာနှုတ်ဆက်...
ခုတော့....သူမပျက်ချင်..ပေမယ့်...
ပျက်သွားရရှာပြီ...။            ။


သွေးခန့်
(23/8/2012)

No comments:

Post a Comment