သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: သင့်အချိန်ကို စီမံခန့်ခွဲရန်အတွက် ရိုးရှင်းတဲ့ အချက် (၅) ချက် - (၂)

Saturday, September 8, 2012

သင့်အချိန်ကို စီမံခန့်ခွဲရန်အတွက် ရိုးရှင်းတဲ့ အချက် (၅) ချက် - (၂)

၃။ အကုန်လုံးကို မြန်မြန်လုပ်ပါ။

ဒီစကားကိုကြားတော့ စာဖတ်သူရဲ့စိတ်ထဲမှာ ငါ့အလုပ်ရှင်ရဲ့ လေသံအတိုင်းပဲလို့ ထင်မိနိုင်ပါတယ်။ဒါပေမယ့် လုပ်စရာရှိတာကို အချိန်မဆွဲပဲ ခပ်မြန်မြန်လုပ်လိုက်တာဟာ စာဖတ်သူရဲ့ အချိန်စီမံခန့်ခွဲမှုအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကို ရရှိစေမှာပါ။

ညကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့အခါ မနက်စာချက်ရတာ ပိုမြန်တာပေါ့။ရုံးကိုစောစောထွက်လာနိုင်ပြီး လမ်းမှာ ကားကိုဆီဖြည့်နေရတဲ့အတွက် အလုပ်နောက်ကျတာမျိုးမဖြစ်တော့ပဲ အချိန်ပိုရသွားနိုင်ပါတယ်။

တကယ်လို့ စာဖတ်သူက တစ်နေ့တာလုပ်စရာတွေကို ကြိုမစဉ်းစားထားရင်တော့ ဘာကိုမှ ခပ်မြန်မြန်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ မထင်မှတ်ပဲ ဖဲ့ပေးလိုက်ရတဲ့ အချိန်လေးတွေကို မကာမိနိုင်တော့ဘူးပေါ့။


၎။ အချိန်ဖြုန်းတာကိုရပ်လိုက်ပါ။

အချိန်လေး ငါးမိနစ်လောက် အလဟဿ လွတ်ထွက်သွားတာဟာ အချိန်ကိုဖြုန်းတီးမှုပါ။အချိန်အပိုင်းအစလေးတွေကို မစုစည်းနိုင်တာဟာ အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။

စာဖတ်သူအနေနဲ့ ကိုယ့်အလုပ်အတွက် အချိန်လုံလုံလောက်လောက်ရချင်ရင် အလုပ်နဲ့ မပတ်သက် မဆက်နွယ်တဲ့ အခြားကိစ္စတွေကို ဖြတ်ချပစ်ဖို့ လိုပါလိမ့်မယ်။

စာဖတ်သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောဆိုခြင်းဟာ ကောင်းပါတယ်။ဒါပေမယ့် လိုအပ်လာရင်တော့ ဒီကိစ္စကိုလည်း ရပ်ပစ်ဖို့ လိုပါလိမ့်မယ်။အထူးသဖြင့် စာဖတ်သူ တာဝန်ယူထားရတဲ့အလုပ်အတွက် အချိန်အရမ်းနည်းနေတဲ့ အခြေအနေမျိုးမှာပေါ့။




သွေးခန့်
(13/7/2012)

Ref: Michale Lee: How to Improve your Time Management Skills using 5 Simple Tips

No comments:

Post a Comment