သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: နလပိန်းတုံး

Saturday, September 8, 2012

နလပိန်းတုံး


ကဲ..ဒီ ကဗျာဆိုတဲ့ စာကိုဖတ်...
 ကျုပ်...ရင်ဘတ်အကြောင်းရေးသလိုလိုနဲ့ ...
ခင်ဗျား...ဖတ်ကောင်းအောင် ရေးထားတာ...


ကြိုက်ပါ..မကြိုက်ပါ....
ကျုပ်.. အသုံးအနှုန်းအသစ်တွေနဲ့
ရန်ဖြစ်ပါ....
ကျုပ်..ပါဖောမန့်ကို ရှုံ့ချပါ...
ကျုပ်..ကာရံတွေကို ဝေဖန်ပါ..
ကျုပ်..ကဗျာ ပုံစံနဲ့ အငြင်းပွားပါ...

ကဗျာကို ဘယ်သူစရေးသလဲ...
ကဗျာသဘောတရား ဆိုတာ ဘယ်လိုလဲ...
မသိဘူး.....

အားကောင်းတာ..ကျစ်လျစ်တာ..
ဆန်းသစ်တာ..မဆန်းသစ်တာ..
မသိဘူး...

ဒီဟာကို ကျုပ်က ကဗျာဆိုပြီးရေးတယ်..
ခင်ဗျားက ကဗျာမဟုတ်ဘူးဆိုတော့..
ခင်ဗျားရေးတာလား..
ကျုပ်ရေးတာလား...

တစ်ခါတစ်လေမှာ ကဗျာကိုချစ်တယ်..
တစ်ခါတစ်လေမှာ ခေါင်း၇မ်းတယ်...
ကျုပ်ဟာ ကဗျာသမား မဟုတ်ဘူး...
ကျေးဇူးပြုပြီး...ခင်ဗျားပေတံကို ဘေးဖယ်ပါ...

ကျိန်ပြောဆိုပြောလိုက်ချင်ရဲ့
ကျုပ်ရေးထားတာဗျ.....
ဒါ ...တကယ်..ကဗျာ...
ကဲ..ဘာပြောချင်သေးလဲ...
မဲ့ပြုံးပြုံး..ခေါင်းရမ်း...ပိတ်ပစ်လိုက်ပါ...။

သွေးခန့်
(5/4/2012)

No comments:

Post a Comment