နေ့နဲ့ညကို…
ဇောက်ထိုးဆွဲထားတာ…ငါပဲ….
အဆိုအမိန့်တွေထဲမှာ နေသားကျဖူးတယ်…
ဂျင်းပင်(န်)အပြာနဲ့….
အဆုတ်ကို စီးချင်းထိုးတဲ့ စီးကရက်နဲ့
တစ်ခါတစ်လေတော့….
ဦးနှောက်ကို ချော့သိပ်ပြီး
နှလုံးသားနဲ့စီးမျောရတာ သဘာဝဆန်တယ်…
ဒါ…ငါ့ဘာသာစကားပဲ…
သူရဲကောင်းတွေရဲ့ ရာဇ၀င်မဟုတ်ဘူး….
ကော်ဖီက အိပ်စက်ခြင်းနဲ့ ပတ်သက်နေတယ်လို့
တစ်ခါမှ မတွေးဖူဘူး…..
ကောင်းကင်ကိုလွင့်သွားတဲ့ အော်ဟစ်သံ…
နားထင်ပေါ်ဖြတ်စီးတဲ့ မျက်ရည်……
ခေါင်းမော့်ထားတိုင်း ဘ၀င်မြင့်တာမဟုတ်ဘူး…
စကားလုးံ အများကြီးငါမသင်ချင်ဘူး…
ရင်ပြည့်တတ်လွန်းလို့…
မျက်လုံးနဲ့ကြည့်လိုက်ရုံလေးပဲ…
ငါ ရင်ဘတ်ကို သူမ နားလည်တယ်…
ကဲ..ဘာလိုသေးလဲ…..
အတိတ်နဲ့ အနာဂတ်ရဲ့ ကြားမှာ
ငါ့ လိပ်စာရှိတယ်…။ ။
သွေးခန့်
19.3.11
No comments:
Post a Comment