ရိုးရိုးလေးပါပဲ…
ရှင်းရှင်းလေးဖြစ်နေစေရမယ်….
ရိုးရိုးရှင်းရှင်းပေါ့…
ငါ သိတယ်…
အဲ့ဒီ့ ရိုးရိုးရှင်းရှင်း ကိုယ်တိုင်ကိုက….
ရှုပ်ယှက်ခတ်နေတာ….။
အကောင်းဆုံးဆိုတာ…
ငါ အခု ပိုင်ဆိုင်ထားတဲ့အရာတွေ….
အလိုချင်ဆုံးက…
ငါ ရွေးချယ်လိုက်တဲ့အရာတွေ….
ကောက်ရိုးမီးဆိုတာလည်း..
ခဏခဏ ထတောက်နေရင်တော့..
သိပ်မဆိုးလောက်ဘူး ထင်တာပဲ။
ခုတော့
ငါ့အသွေးအသားနဲ့…
ငါ့ အချိန်တွေကို..
နိစ္စဓူဝထဲမှာ နစ်မျောစေရင်း….
ဘ၀ရဲ့ အလင်းဟာ..ဝေးကွာနေတော့တယ်…..။ ။
သွေးခန့်
(9.8.2011)
No comments:
Post a Comment