သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ဘ၀ဆိုတာ

Tuesday, May 22, 2012

ဘ၀ဆိုတာ

ကျွန်တော့် ဘ၀ရဲ့ အချိန်တော်တော်များများမှာ ဘ၀ ဆိုတာ ဘာလဲ ဆိုတာကို အမြဲမေးခဲ့ပါတယ်။သူ့ဖွင့်ဆိုချက်နဲ့ သူပါပဲ။ဘယ်ဖွင့်ဆိုချက်မဆို ဖွင့်ဆိုသူ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်လာတာပါ။ကျွန်တော်က ဘ၀ကို နှင်းဆီပန်းလို သဘောထားပါတယ်။ဘ၀မှာလည်း နှင်းဆီဆူးနဲ့တူတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီးမှ လှပတဲ့ပွင့်ဖတ်နဲ့တူတဲ့ အောင်မြင်မှုဆီကို ရောက်ပါလိမ့်မယ်။
ဒီလိုလေ့လာရင်းနဲ့ ဘ၀ဆိုတာ ဘာလဲလို့ ရှာဖွေသူတွေဟာ ဘာမှကြီးမားတဲ့အောင်မြင်မှုမရခဲ့တာကို သတိထားမိလာပါတယ်။နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း သူတို့ရဲ့ အမြင်ကို လက်ကိုင်ထားပြီး ဘ၀ကို တစ်ဖက်စောင်းနင်း ဖြတ်သန်းနေကြပါတော့တယ်။သူငယ်ချင်းတို့ အခုပဲ စဉ်းစားကြည့်လိုက်ပါ။ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ပြီး ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ထားတဲ့ သူတွေဟာ လူ့ဂွစာတွေ ဖြစ်နေတာကို တွေကရပါလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်အမြင်က သူတို့ကို ပြောင်းလဲနိုင်စွမ်းကနေ ဆွဲခေါ်သွားခဲ့လို့ပဲဖြစ်ပါတယ်။သူတို့ဟာ အခြေအနေကို လိုက်ပြီး မပြောင်းလဲနိုင်တော့ပါဘူး။ကျန်တဲ့သူတွေကို သူ့အမြင်အတိုင်း ပြောင်းလာဖို့ပဲလိုလား နေကြပါတယ်။ထပ်စဉ်းစားကြည့်ပါဦး။မှန်ပါရဲ့လား။ငါဒီလိုနေခဲ့လို့ ။ ငါဒီလို လုပ်ခဲ့လို့ အခုလို ဘ၀မျိုးနဲ့နေနိုင်တာ။ဒီလိုနေကြ ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
နောက်ဆုံးမှာ ကျွန်တော် အကြိုက်ဆုံး ဖွင့်ဆိုချက်လေးတစ်ခု ဟြေချင်ပါတယ်။ဘ၀ဆိုတာ ကျွန်တော်တို့ မွေးလာကတည်းက ကျွန်တော်တို့ အတွက် အစီအစဉ်ချထားတာ ၁၀% လောက်ရှိပါတယ်။ကျန်တဲ့ ၉၀%ကို ကိုယ့်စိတ်တိုင်းကျဖန်တီးနိုင်ပါတယ်။ဘ၀က ၁၀% လောက်လေးပဲ ပေးမသိပဲ ၀ှက်ထားတာကို ဘာကြောင့်များ ဘ၀တစ်ခုလုံး အချိန်ပေးပြီး လိုက်ရှာနေကြမှာလဲ။အဲ့လို လိုက်ရှာတဲ့သူတွေ၊ဘ၀ကို နားလည်ပါပြီဆိုတဲ့ လူတွေ အားလုံးဟာ ပျော်ရွှင်ဖို့ အချိန်မရကြပါဘူး။သူတို့ ခေါင်းထဲမှာ ဘ၀က ၀ှက်ထားတဲ့ ၁၀%နဲ့ ရှုပ်ထွေးနေကြတဲ့အတွက်ပါ။စိတ်ရှုပ်ထွေးနေသူဆီမှာ အပျော်ဆိုတာကို ကျွန်တော်ရှာမတွေကဖူးသေးပါဘူး။
ဟုတ်ကဲ့ပါ။နောက်ဆုံးမှာ ကျွန်တော် ဘ၀နေနည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။အဲ့ဒီ့ အချိန်ကနေစပြီး ကျွန်တော့်ရဲ့ စိတ်ရှုပ်ထွေးမှုတွေပျောက်ကုန်ပါတယ်။ဘ၀ဆိုတာ ဘာလဲ လို့လည်း ဘယ်တော့မှ မမေးတော့ပါဘူး။နောက်လည်း ကျွန်တော်မမေးတော့ပါဘူး။“ဘ၀ ဆိုသည်မှာ နားလည်ရန်မဟုတ်၊ နေထိုင်ခံစားရန်ဖြစ်သည်” ။


သွေးခန့်

No comments:

Post a Comment