အလွမ်းတွေနဲ့ ငါ....
ဒီဇင်ဘာမှာ ရပ်နေမယ် ။
တစ်ချက်လေးတော့ လှည့်ကြည့်ပါ ...
မီးကြွင်းမီးကျန်ဆို တာ ၂ခါလောင်တတ်တယ် ။ ။
အချစ်နဲ့ ပဲလွမ်းရင်
ဒဏ်ရာဟောင်းတောင် ချိုမြိန်တယ်။
အသိုင်းအ၀ိုင်းတွေ ခြေကုန်လက်ပမ်းကျတဲ့အထိ
ဦးနှောက်ဘယ်ဖက်ခြမ်းက ရင်ဖွင့်ထားတယ်။ ။
အမုန်းနဲ့ နှုတ်ဆက်ခဲ့တာ မဟုတ်လို့ ..
အိပ်မက်ထဲမှာ လိပ်ပြာလုံတယ်။
ခုနှစ် တစ်ခုခုရဲ့ June နေ့ လည်ခင်းမှာ
နင့်အနားကို တိုးတိုးလေးကပ်ပြောမယ် ..
"မချစ်လို့ မှ မဟုတ်တာ" လို့ ....
အိပ်မက်တိုင်းမှာ တော့ ...
နင်ပြုံးနေတယ် ။ ။
နင်ရယ် ...
ငါရယ် ...
June ရယ် ဆုံတဲ့နေ့ ...
ဒီကဗျာလေး ရွတ်ပြမယ် ။ ။
No comments:
Post a Comment