သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ဘ၀ဆိုတာ ရှေ့ဆက်သွားဖို့ပါ

Tuesday, May 22, 2012

ဘ၀ဆိုတာ ရှေ့ဆက်သွားဖို့ပါ

ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အတိတ်ကို ပြန်လှည့်ကြည့်တဲ့အခါ အလိုမပြည့်တာတွေ သိပ်ကိုများနေတတ်ကြပါတယ်။ကျွန်တော်တို့ရဲ့ တစ်ချို့အိပ်မက်တွေ ဖြစ်မလာခဲ့ကြဘူး။လုပ်ချင်တာတွေ မလုပ်ဖြစ်ခဲ့ဘူး။မလုပ်ခဲ့ရဘူး။ပြန်တွေးကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ဒေါသတွေထွက်လာပါတယ်။တကယ်လို့သာ ငါဒီလိုလုပ်ခဲ့မိရင်၊ တကယ်လို့သာ ငါဒီလမ်းကြောင်းကိုရွေးမိခဲ့ရင်၊တကယ်လို့သာ ငါဒီလိုမျိုး မလုပ်ခဲ့မိဘူးဆိုရင် စသည်ဖြင့် အားမလို အားမရဖြစ်နေမိပါတယ်။

ဒီလိုနဲ့ အဲ့ဒီ “တကယ်လို့သာ” ဆိုတဲ့ အတွေးထဲမှာနစ်မြောသွားကြပါတော့တယ်။ဒါဆို အခုလက်ရှိမှာရော။သိပ်မထူးပါဘူး။ဒီလိုပါပဲ။တကယ်လို့သာ ငါဒီစာကိုပေးဖြစ်ခဲ့မယ်ဆိုရင်၊မနေ့ကသာ ငါဖုန်းခေါ်ခဲ့မိမယ်ဆိုရင်၊ဒီအချိန်မှာသာ အဲ့ဒီလို အခွင့်အရေး ရခဲ့မယ်ဆိုရင်။ဟုတ်ပါတယ်။ဘာကြောင့်များ ကျွန်တော်တို့ ဘ၀မှာ ဒီ “တကယ်လို့သာ” နဲ့ပဲ ရင်ဆိုင်တိုးနေ၇တာလဲ။

“တကယ်လို့သာ” ဆိုပြီး ဘယ်တော့မှ ပြန်ပြင်လို့မရတော့မယ့် အရာတွေကိုပဲ အာရုံစိုက်နေခဲ့ကြလို့ပါ။အဲ့ဒီ့ “တကယ်လို့သာ” ဆိုတဲ့ စကားလုံးက ဘ၀ကို ရှင်သန်နေထိုင်ရာမှာ အရမ်းကို အန္တရာယ်ကြီးမားပါတယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့စကားလုံးက ကျွန်တော်တို့ကို အတိတ်ဆီပဲ ပြန်ခေါ်သွားပါတယ်။ လက်ရှိဘ၀မှာလည်း နေခွင့်မပေးဘူး။အနာဂတ်ကိုလည်း မျှော်ကြည့်ခွင့်မပေးပါဘူး။နောက်ကြည့်မှန်လိုပါပဲ။ယာဉ်မောင်းတဲ့အခါ အမြဲတမ်း နောက်ကြည့်မှန်ကိုပဲ ကြည့်ပြီး မောင်းနေလို့မရပါဘူး။ရှေ့ကအရာတွေနဲ့ တိုက်မိပြီး ဒုက္ခရောက်ကုန်ပါလိမ့်မယ်။

ခင်ဗျားကဟြေမယ်။“တကယ်လို့သာ အဲ့ဒီ့တုန်းက ဖုန်းလေးတစ်ချက်ဆက်မိခဲ့မယ်ဆို ရင် သူနဲ့ဝေးရမှာမဟုတ်ဘူး”။မှန်ပါတယ်။ဒါပေမယ့် ခင်ဗျားမဆက်ခဲ့ဘူးလေ။အခုဆက်လို့ရော ရဦးမှာလား။ဟင့်အင်း။မရတော့ပါဘူး။ဒါကို ခင်ဗျားသိပါတယ်။ဒါပေမယ့် တွေးနေတာပဲ။ဘာကြောင့်လဲ။ပြန်ပြင်လို့မရနိုင်တော့တာကို “တကယ်လို့သာ” ဆိုပြီး ခင်ဗျားက ကြေကွဲနေမယ်။သူကတော့ သားသမီးတွေနဲ့ ပျော်နေချင်ပျော်နေတော့မှာဗျ။ခင်ဗျားရဲ့ စိတ်ထဲမှာ အခုခံစားနေရတာ “နောင်တပဲ” လို့ သိလိုက်ပြီဆိုရင် အဲ့ဒီ့ကိစ္စက အမှန်တကယ် နောက်ကျသွားပါပြီ။

အရင်က ဖုန်းလေးမဆက်ဖြစ်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာကိုတွေးပြီး ခံစားနေတယ်။“တကယ်လို့သာ”၊ “အဲ့ဒီ့တုန်းကသာ” စသဖြင့်ပေါ့။ဒါဆို အခုရော။အခုလည်း မဆက်ပါဘူး။“တကယ်လို့သာ” ဆိုတာပဲတွေးနေတော့ အခုကို ဘယ်မြင်တော့မလဲ။နောက် ရက်ပေါင်းနည်းနည်းကြာတော့ အခု လက်ရှိအခြေအနေကို ပြန်တွေးပြီး “တကယ်လို့သာ” လို့ ထပ်ဟြေနေဦးမှာပဲ။ဒါနဲ့ပဲ သံသရာလည်နေတော့ မှာပေါ့။

ဒီတော့ ပြဿနာတစ်ခုဖြစ်ပြီး သွားပြီ။ပြန်ပြင်လို့လည်း မရနိုင်တော့ဘူး။အဲ့ဒီ့ကိစ္စကို ပြန်တွေးမိတဲ့အခါ “တကယ်လို့သာ” ဆိုတဲ့ နေရာမှာ ”နောက်တစ်ခါကျရင်” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးရမယ်။နောက်တစ်ခါကျရင်တော့ ငါဒီလိုလုပ်မယ်။အားလုံး ပတ်သတ်ဖူးတဲ့ “အချစ်ကိစ္စ” နဲ့ပဲ ပြောရအောင်။

“တကယ်လို့သာ” ဆိုတဲ့ လူတွေက အသည်းကွဲတယ်။ ကိုယ့်အမှားကို တွေ့တယ်။ “တကယ်လို့သာ……” ဆိုပြီးတွေးမယ်။ အချစ်သစ်တွေ့မယ်။ အရင်အကြောင်းပြန်သတိရတိုင်း “တကယ်လို့သာ” လို့ဟြေနေတုန်းပဲ။နောက် “နှစ်“ နည်းနည်းကြာတော့ ဘာဖြစ်မယ်ထင်လဲ။ သိပ်ကိုသေချာတာပေါ့။ သူ့မှာ “တကယ်လို့”လို့ဟြေပြီး တသသဖြစ်နေစရာတစ်ခု ထပ်တိုးသွားပြန်ပြီပေါ့။ ဒီလိုနဲ့ပဲ အတွေးတွေကို မဟြေင်းနိုင်သမျှ အဆွေးသမားကြီး ဖြစ်နေရတော့မှာပေါ့။

နောက်တစ်ယောက်။အသည်းကွဲတယ်။ကိုယ့်အမှားကို တွေ့တယ်။“နောက်တစ်ခါကျရင်….” လို့ သူတွေးတယ်။အချစ်သစ်တွေ့တယ်။အရင်လို အမှားမျိုးထပ်မဖြစ်အောင် သူလုပ်တယ်။ဘယ်လိုလဲ။သူ အသည်းထပ်ကွဲဦးမယ်လို့ထင်လား။ကွဲနိုင်ပါသေးတယ်။နောက်ထပ် သင်ခန်းစာတစ်ခုတိုးတာပေါ့။ဒါပေမယ့် မကြာခင်မှာ သိပ်ကို ကြည်နူးစရာကောင်းတဲ့ ခိုင်မြဲတဲ့ အချစ်နဲ့ သူတွေ့ရတော့မယ်ဆိုတာ သေချာပါတယ်။

“အတိတ်ဆိုတာ အနာဂတ်မှာ တစ်ခါပြန်လာတတ်တယ်” ဆိုတဲ့ စကားရှိပါတယ်။ဘာကြောင့်လည်းဆိုတော့ ဘ၀က သင်ခန်းစာတစ်ခုကို မကြေညက်မချင်း သင်ပေးတတ်လို့ပါပဲ။ ဒါမျိုးကြုံတယ်။ ဒီလိုလုပ်တယ်။ လွဲတယ်။ ထပ်ကြုံတယ်။ ဒီလိုပဲ ထပ်လုပ်မိပြန်တယ်။ ထပ်လွဲပြန်တယ်။ ထပ်ကြုံတယ်။ ဟိုလိုလုပ်ကြည့်တယ်။ အဆင်ပြေသွားပြီ။ အဲ့ဒီ့အခါမှာတော့ ခင်ဗျား ဒီသင်ခန်းစာကို ကြေညက်သွားပြီ။နောက်ဘယ်လောက်ထပ်လာလာ အေးဆေးဖြစ်သွားပြီ။အဲ့ဒီ့အခါမှာ ကျွန်တော်တို့ဟြေကြတယ်။ “ငါ စာတတ်သွားပြီ” တဲ့။

ဒါကြောင့် ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကို ပြန်တွေးတဲ့အခါ “တကယ်လို့သာ…”ဆိုတာကို ဖြုတ်ချလိုက်ပါ။ နောက်ကြည့်မှန်ဆိုတာ အမြဲကြည့်ဖို့မဟုတ်ပါဘူး။ နောက်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာသိဖို့ ကြည့်ရုံလေးတင်ပါပဲ။ ဒီတော့ “နောက်တစ်ခါကျရင်…”နဲ့ အစားထိုးလိုက်ပါ။ ဒီကိစ္စမျိုး ထပ်ကြုံလာရတဲ့အခါ ခင်ဗျားမှာ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။


သွေးခန့်
့(15.5.2011)

No comments:

Post a Comment