ငါတို့ အားလုံးဟာ..
နှလုံးသားက ဘာပြောလဲဆိုတာကို နားထောင်ကြတယ်။
နှလုံးသားကတော့ ဘယ်သူ့ဆီကမှ နားမထောင်ခဲ့ဘူး။
အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိဘူးတဲ့။
မင်းစဉ်းစားပါဦး တကယ်ပဲမရှိဘူးလား။
မတရားမှုတွေသာ မရှိရင်…
ဘာအတွက် နာကျင်နေတော့မှာလဲ။
အချစ်နဲ့ စစ် မှာပဲ ငါတို့ပျော်မွေ့ကြမှာပေါ့။
မင်းကို ငါချစ်တယ် လို့ပြောမှ ပဲ..
အချစ်လို့ ခေါ်ပါသလား။
ဘာမှ ဖွင့်မပြောပဲ အလိုလိုနားလည်နေတာကလည်း အချစ်ပါပဲ။
မလုပ်သင့်တာကို လုပ်မိရင် ဘ၀ပျက်တတ်တယ်။
လုပ်သင့်တာကို မလုပ်မိရင် ကိုယ်ကျိုးနည်းတတ်တယ်။
ငါ မလုပ်သင့်တာကို မလုပ်ပဲ…
လုပ်သင့်တာကို လုပ်ခဲ့တာပါ။
မင်းကို ငါချစ်တယ် လို့ပြောမှ ပဲ..
အချစ်လို့ ခေါ်ပါသလား။
ဘာမှ ဖွင့်မပြောပဲ အလိုလိုနားလည်နေတာကလည်း အချစ်ပါပဲ။
နှလုံးသားက ဘယ်သူ့ဆီကမှ နားမထောင်ခဲ့ဘူး။
ငါ့ဆီကလည်း နားမထောင်ဘူး။
ရှိစေတော့ကွယ်..ရှိပါစေတော့။
ငါ့ကို နားထောင်မယ့် ဦးနှောက်ကိုပဲ ပြောပြလိုက်တာပေါ့။
မင်းကို ငါချစ်တယ် လို့ပြောမှ ပဲ..
အချစ်လို့ ခေါ်ပါသလား။
ဘာမှ ဖွင့်မပြောပဲ အလိုလိုနားလည်နေတာကလည်း အချစ်ပါပဲကွယ်။ ။
သွေးခန့်
(9.7.2011-SAT)
No comments:
Post a Comment