ကွဲကြေသွားတဲ့ နှလုံးသားတွေက ငိုသံတွေထွက်လာ...
မိုးနဲ့ မြေနဲ့ကြားမှာ
ငါတို့က မှီတွယ်ရာပျောက်ဆုံး...သွား...ခဲ့....။
ကြက်ခြေခတ်တစ်ခုက ဘ၀ပေါ်ကျန်ရစ်
မေ့..ပစ်..လိုက်...တော့.....
ငါတို့ ဆာဒစ်တွေ ဘ၀ကနေ ထွက်မြောက်ကြပါစို့ရဲ့...။
နာကျင်ရမှာ သိသိနဲ့...
အပျော်ခဏကိုတွယ်ဖက်ခဲ့ကြ...
နောက် ဘ၀များမှာ ဤအဖြစ်မျိုးမှ ဝေးရလို၏.....။
အသည်းမမာရင် မကစားရဘူး...
ဆူးဆိုတာ စူးတတ်တဲ့ အရာပေပဲ....
ငါတို့ နှစ်ယောက်ကို ထုတ်ချင်းဖောက် တွယ်ဆက်ထား..
ဘယ်သူက လှုပ်လှုပ် နာကျင်ရမှာချည်း...
နှစ်ကိုယ်တည်းရှိနေတာက လွဲလို့....

တော်စမ်း...
တို့မျက်လုံးတွေက မျက်ရည်လွယ်လွန်းလှတယ်...။
မစခင်က ဆုံး....
စလိုက်တော့လည်း ဆုံးနှင့်ပြီးသား...
မသွားခင်က ရောက်နှင့်နေမှတော့...
ဘယ်လောက်လျစ်လျူရှုနိုင်မှာမို့လဲ.....။
နောက်ဆုံး...အနမ်း...
နောက်ဆုံး...မျက်ရည်....
နောက်ဆုံး...အကြည့်....
နောက်ဆုံး..စကား....
နောက်ဆုံး...တွေ့ဆုံမှု....
နောက်ဆုံး...
နောက်ဆုံး.....
ဒီတစ်ခါသာ..နောက်ဆုံးဖြစ်ပါစေ...။ ။
သွေးခန့်
No comments:
Post a Comment