သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ကံကောင်းခြင်းလက်ဆောင်

Tuesday, May 22, 2012

ကံကောင်းခြင်းလက်ဆောင်

သင်မွေးဖွားလာတာနဲ့….သင့်ဘ၀ဟာ အစီအစဉ်တကျ ဖြစ်နေနှင့်ပါပြီ……..သင်က အဲ့ဒီ အစီအစဉ်ထဲမှာ အူကြောင်ကြောင်နဲ့ ၀င်လှုပ်ရှားရတာပါ………

တစ်ခါတစ်လေမှာတော့ ဘ၀က သင့်စိတ်ကြိုက်ရွေးချယ်ခွင့်ပေးပါလိမ့်မယ်………..အဲ့ဒီအချိန်မှာ သင်ဟာ ဘ၀ရဲ့မောင်းနှင်မှုကနေ အတော်အတန် လွတ်မြောက်အောင် ကြိုးစားရပါလိမ့်မယ်………သင့်ရွေးချယ်မှုမှားယွင်းသွားတာနဲ့ ဘ၀ရဲ့ အစီအစဉ်ထဲမှာ ဆက်မျောပါပေတော့ပေါ့…………

နောက်တစ်ဖက်မှာတော့ ဘ၀ကသင့်ကို ရွေးချယ်စရာမရှိအောင်လုပ်ပါလိမ့်မယ်…….ဒါကို သင် ခုခံရင်ဆိုင်ရပါလိမ့်မယ်…….အဲ့ဒါကို လောကဓံ လို့ သိလိုက်ပါတော့……….တစ်ခါတစ်ခါမှာ သင်ဟာ ဘ၀အကြောင်းကို တွေးမိနိုင်ပါတယ်…..အဲ့ဒီ့အခါမှာ သင့်ဘ၀ကဘာကြောင့်သူများနဲ့မတူပဲ ဒီလိုဖြစ်နေရပါလိမ့်လို့ထင်မိမှာပါ………..တစ်ကယ်တော့ သင်ဟာဘယ်သူနဲ့မှ မတူနိုင်သလို……ဘယ်သူကမှလဲ သင်နဲ့တူမှာမဟုတ်ပါဘူး……….ဒါကို သင်သတိရမိဖို့လိုပါတယ်…..

*ဘ၀ဆိုတာ နားလည်ဖို့ မဟုတ်ပါဘူး….နေထိုင်ခံစားဖို့ပါ*………ပြောပြောနေကြတဲ့ ကိုယ့်ဘ၀ကိုယ်နားမလည်ဘူး ဆိုတာက ကိုယ့်ကိုယ်ကို နားမလည်ကြတာပါ……….ကိုယ့်အခြေအနေကို ကိုယ်နားမလည်ကြတာပါ………ဒီလိုနားမလည်ခဲ့ရင်တော့ သူများလုပ်သလို လိုက်လုပ်ရင်း သင့်ဘ၀ဟာပြီးဆုံးသွားပါလိမ့်မယ်……….တစ်ခါတစ်လေမှာတော့  သင်ဟာ သင်ယုံကြည်ရာကိုလုပ်ဖို့ ဝေဖန်မှုတွေကို ဥပက္ခာပြုဖို့လိုပါတယ်…….*သင်လုပ်သမျှ အလုပ်တိုင်းကို လူတိုင်းကိုလိုက်ရှင်းပြဖို့ မလိုပါဘူး*…………..

သင့်ဟာသင့်ဘ၀မှာ ဒီလိုမျိုး ခံစားရတာတွေကိုပဲမြင်ပြီး ………သင့်အတွက် ပေးထားတဲ့ ကောင်းမွန်မှုတွေကိုမမြင်မိပဲဖြစ်နေတတ်ပါတယ်…………….အဲ့ဒီ့ အခါမှာ သင်ဟာဆုံးရှုံးမှုတွေနဲ့  ပိုပြီးရင်ဆိုင်ရပါလိမ့်မယ်…….*မျက်လုံးမမြင်တဲံ့သူကိုတွေ့ရင်  သင်ကြည့်ချင်သမျှ  မြင်ခွင့်ရနေတာကို ၀မ်းမြောက်ပါ*……*နားမကြားတဲ့သူကိုတွေ့ရင် သင်ကြားချင်သမျှ ကြားနေရတာကို ကျေနပ်ပါ*……….*စကားမပြောတတ်တဲ့သူကိုတွေ့တဲ့အခါ ……..သင်ပြောချင်သမျှ အခက်အခဲမရှိ ပြောနိုင်နေတာကို  ပျော်ရွှင်ပါ*…….သင်က သင့်မှာရှိသမျှကိုမမြင်ပဲ တစ်ခြားသူတွေကို အားကျနေချိန်မှာ….သင့် ဘ၀မျိုးကိုတမ်းတ နေသူတွေရှိတယ်ဆိုတာကို သင်သတိရလိုက်ပါ………..ဒီ အခါမှာ သင်ဟာ ငါဘာကြောင့်သူများတွေလို မဖြစ်ရပါလိမ့်လို့ တွေဝေနေမယ့်အစား……နားလည်ဖို့ကြိုးစားနေမယ့်အစား…….နေထိုင်ခံစားဖို့အတွက် တွေးမိလာမှာပါ…….

*ငါမသေဘူး…..ရေကူးတတ်တယ်* ဆိုတဲ့စကားဟာ သမုဒ္ဒရာ ၀မ်းတစ်ထွာမှာလည်း အကျုံးဝင်ပါတယ်……ဒီလိုရေကူးတတ်ဖို့ နည်းလမ်းများစွာထဲက တစ်နည်းကတော့ သင်ကို ဘ၀ကပေးထားတဲ့…သင်အခု ပိုင်ဆိုင်နေတဲ့……အရာတွေကိုတန်ဖိုးထားတတ်ဖို့ပါပဲ………သင်တန်ဖိုးမထားမိပဲနဲ့  ဆုံးရှုံးသွားတဲံ့အချိန်မှ တမ်းတနေမယ်ဆိုရင်တော့ …သင့်အနားမှာ နောင်တ တွေပဲကျန်နေခဲ့တော့မှာပါ……….*သင်ရှာဖွေနေတဲ့ သင့်အတွက်ဆိုတဲ့ အရာတွေအားလုံးက သင့်ဘေးမှာရှိနေခဲ့ပြီး……သင်တန်ဖိုးမထားတဲ့ အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်*…………သင်မမြင်နိုင်ခဲ့တာကတော့ သင်ဟာ သင့်အတွက်ဆိုတာကိုရှာဖွေနေပေမယ့်  သူတစ်ပါးအတွက်တွေကိုပဲ လှမ်းမြင်နေခဲံ့လို့ပါ……သူတစ်ပါးတွေက သူတို့အတွက်ပေးထားသမျှကို ရယူပြီး ပျော်ရွှင်နေချိန်မှာ….သင်က သင့်ကိုပေးထားတာတွေကိုမမြင်လို့..မြင်အောင်မကြည့်ခဲ့လို့  သင်မပျော်ရွှင်ရတာပဲဖြစ်ပါတယ်……….

ဒါကြောင့် ခုချိန်ကစပြီး သင့်ပြောင်းလဲနေတဲံ့ သင့်ဘ၀ကြီးကို စိတ်ပျက်လက်ပျက်နဲ့ထိုင်ကြည့်မနေပဲ…..သင့်ဘ၀က ပေးထားသမျှကို ရယူခံစားပါ……အဲ့ဒီ့ အခါကျရင် သင်ပြောင်းလဲချင်နေတဲ့ သင့်ရဲ့ အသုံးမကျဘူး ဆိုတဲ့ ဘ၀ကြီးဟာ……လူတကာအားကျရလောက်အောင် ပြောင်းလဲသွားခဲ့ပြီးပြီဆိုတာကို……..သင်ဂုဏ်ယူစွာနဲ့ မြင်တွေ့ရပါလိမ့်မယ်……..အဲ့ဒါကပဲ သင့်ဘ၀ရဲ့  *ကံကောင်းခြင်းလက်ဆောင်* ဖြစ်မှန်း သင်သိလာတဲ့အချိန်မှာ..တစ်ခြားသူတွေအတွက် ဒီအသိလေးကိုဖြန့်ဝေပေးလိုက်ပါလို့ နောက်ဆုံးပြောချင်ပါတယ်……………..


သွေးခန့်

No comments:

Post a Comment