လောကဓံနဲ့ ရင်ဆိုင်နေရတာချင်းအတူတူ
တစ်ခါတစ်ခါမှာ……….
လူတွေက သားရဲဆန်လွန်းကြတယ်…..
အဲ့ဒီ့ တစ်ခါတစ်ခါတွေကြောင့်ပဲ
ငါ့ အကြည့်တွေ…
မျက်မှောင်ကျုံ့ပြီး မာန်ဖီတက်လာတယ်………..။
ဒုက္ခတွေကို ကျော်လွှားဖို့အတွက်မှာ
ဇာတ်တူသားစားစရာ မလိုဘူးလို့ထင်တယ်..
ဘာပဲပြောပြော..
ဒီတောကြီးထဲမှာ..
သူလိုကိုယ်လို ငါနေထိုင်တယ်။
ရန်မလိုတတ်ပါဘူး…
ဒါပေမယ့်…
ငါ့မှာလည်း အရိုင်းစိတ်နဲ့…
ငါ့ ပင်ကိုယ်ဗီဇတွေနဲ့….
လောကကြီးထက်မာကျောပြနိုင်ဖို့
ငါ့ကိုယ် ငါ…အသင့်ပြင်လိုက်တယ်..
ငါလည်း သားရဲတစ်ကောင်ပဲလေကွယ်…။ ။
သွေးခန့်
No comments:
Post a Comment