ကမ္ဘာကြီးက ရွာဖြစ်လာပြီဆိုတာတောင်
မင်းနဲ့ ငါကဝေးနေရတယ်လို့…..
တစ်မြေထဲနေတစ်ရေထဲသောက်နေလျှက်နဲ့
ကိုယ့်ထမင်းကိုယ်စားပြီးလွမ်းနေရတာ…
နည်းနည်းတော့ ဇာတ်နာတယ်……
လွမ်းတယ်ဆိုတာက…
ဘာသာစကားတွေလိုမျိုး….
ထမင်းစားရေသောက်လောက်တောင် တတ်သင့်တာမဟုတ်ဘူး…
အခန့်မသင့်ရင်ရူးတတ်တယ်…..
အတုမြင် အတတ်သင် တတ်တဲ့ငါက…
အချစ်မှာ အတတ်မြန်လွန်းတယ်..
ဒါပေမယ့်..သတ်ပုံတွေလည်း အရမ်းမှားတယ်…
အလွမ်းဆိုတာ
ငါ့အတွက် နေ့စဉ်သုံး ဘာသာစကားဖြစ်နေပါပြီ..
စနစ်တကျမဟုတ်ပဲ…
ဖြတ်လမ်းကလေ့လာခဲ့ရပေမယ့်..
ငါ ကောင်းကောင်းကြီးကို လွမ်းတတ်ပြီ…..
ဒါပေမယ့်…
ငါမပြောတတ်တာတစ်ခုတော့ရှိသေးတယ်….
“မင်းကို လွမ်းတယ် ” ဆိုတဲ့အကြောင်း………။ ။
သွေးခန့့််
မင်းနဲ့ ငါကဝေးနေရတယ်လို့…..
တစ်မြေထဲနေတစ်ရေထဲသောက်နေလျှက်နဲ့
ကိုယ့်ထမင်းကိုယ်စားပြီးလွမ်းနေရတာ…
နည်းနည်းတော့ ဇာတ်နာတယ်……
လွမ်းတယ်ဆိုတာက…
ဘာသာစကားတွေလိုမျိုး….
ထမင်းစားရေသောက်လောက်တောင် တတ်သင့်တာမဟုတ်ဘူး…
အခန့်မသင့်ရင်ရူးတတ်တယ်…..
အတုမြင် အတတ်သင် တတ်တဲ့ငါက…
အချစ်မှာ အတတ်မြန်လွန်းတယ်..
ဒါပေမယ့်..သတ်ပုံတွေလည်း အရမ်းမှားတယ်…
အလွမ်းဆိုတာ
ငါ့အတွက် နေ့စဉ်သုံး ဘာသာစကားဖြစ်နေပါပြီ..
စနစ်တကျမဟုတ်ပဲ…
ဖြတ်လမ်းကလေ့လာခဲ့ရပေမယ့်..
ငါ ကောင်းကောင်းကြီးကို လွမ်းတတ်ပြီ…..
ဒါပေမယ့်…
ငါမပြောတတ်တာတစ်ခုတော့ရှိသေးတယ်….
“မင်းကို လွမ်းတယ် ” ဆိုတဲ့အကြောင်း………။ ။
သွေးခန့့််
No comments:
Post a Comment