သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: တိမ်လွှာအောက်က ဒေါက်ဖိနပ်

Saturday, May 26, 2012

တိမ်လွှာအောက်က ဒေါက်ဖိနပ်

နဂိုအရှိထက်မြင့်ဖို့
ဖနောင့်ကြောတွေ အနာခံ
ခြေဖျားထောက်ပြီးလျှောက်ပြန်ခဲ့တာလား….
မင်းမှား သွားတယ်…အချစ်ရယ်…………..။
တကယ့်ဘ၀ဆိုတာ
ဒုက္ခသံသရာဆိုပြီး…
အရှုံးကြီးရှုံးမှာကြောက်
လက်မမြှောက်ချင်တာနဲ့ပဲ….
ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲခဲ့တာလား
မင်းမှားသွားတယ်….အချစ်ရယ်……………။
အမြင့်ကိုရောက်ဟန်နဲ့
လျှောက်ပြန်ခဲ့တဲ့ အချစ်ရေ…
မင်းရဲ့ဒေါက်တွေ ပဲ့အကြွေမှာ
လဲကျတာနာမှာပေါ့….
မင်းမော့်ကြည့်လိုက်စမ်းပါ……
မြင့်မားလှပါတယ်ဆိုတဲ့ မင်းအပေါ်မှာ…
တိမ်လွှာတွေ လှပနေတာကိုတွေ့ရမယ်…..
ဟုတ်တယ်…
မင်း..မှားသွားတယ်…အချစ်ရယ်…………..။                   ။

သွေးခန့်
(7.12.2009-MON)

No comments:

Post a Comment