သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်

Saturday, May 26, 2012

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်

နှစ်ဦးနှစ်ဘက်ချစ်နေကြလျှက်နဲ့
နောက်ဆုတ်လိုက်တာကို
အနစ်နာခံတယ်လို့ ကျွန်တော်မထင်ပါ.....

ချစ်ခြင်းတရားမှာ
အချိန်တန်တဲ့အခါ...
မေ့လျော့သက်သာ သွားနိုင်မယ့် ဒဏ်ရာဆိုတာ မရှိပါ...

မရနိုင်မှန်းသိလို့ နောက်ဆုတ်ခြင်းက
စွန့်လွှတ်အနစ်နာခံခြင်း မဖြစ်နိုင်ပါ....

တူနှစ်ကိုယ်တဲအိုပျက်မှာ
ထမင်းရည်အတူမလျက်နိုင်ရင်...
တိုက်ပေါ်မှာ ဇိမ်ခံနိုင်အောင် ကြိုးစားသင့်တယ်...
လက်လျော့အရှုံးပေးပြီးမှ..
အချစ်သူရဲကောင်းဘ၀ကိုမလိုချင်နဲ့လေ...

ပုံသေနည်းဆိုတာ ဘ၀မှာမရှိဘူး မိတ်ဆွေ...
စဉ်းစားကြည့်ကြရအောင်လေ..
လူမိုက်နဲ့ငွေ အတူမနေတဲ့..
ငွေဆီကို လူမိုက်ကသွားကပ်နေတာတွေ တစ်ပုံကြီးရယ်
ဘ၀ဆိုတာ ယုံကြည်ချက်နဲ့ ကျင်လည်တယ်...

အားမတန်မှ မာန်လျှော့ရတာ
မာန်လျှော့ပြီးမှ အားမတန်ဘူး မပြောချင်နဲ့ပေါ့...
ခင်ဗျားနည်းနည်း အားစမ်းလိုက်ရင်..
သူနဲ့ ၀ိတ်တန်းတူချင်တူနေမှာ....

နှလုံးသားနှစ်ခုလုံးကို ...
အဆိပ်ခတ်နာကျင်စေပြီးမှ...
ဘ၀..ဘ၀..ကြမ်းလှတယ် တို့...
ငါသာအချစ်တတ်ဆုံး တို့ လာမပြောနဲ့...
အသည်းကွဲကြသူတိုင်း အရှုံးချည်းပဲ...မိတ်ဆွေ...။                    ။


သွေးခန့်
(22/11/2011)

No comments:

Post a Comment