တစ်လောကလုံး ကြည်နုးဆွတ်ပျံ့နေတာ
မင်းရဲ့ အလင်းတွေကြောင့်ဖြစ်တယ်………….
မှီတွယ်ရာမဲ့နေတဲ့ လေပြည်တွေလေ
မင်းရဲ့ ဆံနွယ်တွေကြားမှာ အလုအယက်တိုးဝှေ့
ငါဖြင့်…မျက်တောင်ခတ်တတ်တယ် ဆိုတာတောင်မေ့တယ်………….
မင်းလောက်သာ လူတိုင်းငြင်ငြင်သာသာ လျှောက်ကြရင်
ကမ္ဘာမြေကြီးကတော့ သိပ်ကျေးဇူးတင်မှာပဲ………….
ရွှန်းစိုဝေ့၀ဲလိုက်တဲ့ အကြည့်တွေက
စကြာဝဠာကိုတောင် သိမ်းပိုက်နိုင်ရဲ့…………………
မဖော်ပြနိုင်လောက်တဲ့ ညှို့ငင်မှုမျိုးနဲ့
လင်းလဲ့နေတဲ့ မင်းဟာ…………..
ရင်ခွင်မှာ ပန်းတွေဝေအောင်ဖန်ဆင်း
အိပ်မက်ထိအောင်လင်းတယ်……………
အံ့သြမှင်သက်လောက်အောင်
လင်းရီညို့မှိုင်းသွား………
ကျောက်ဆစ်ရုပ်တွေလားထင်မှတ်မှားရတယ်……..
ကောင်မလေးရယ်….
မင်းပြုံးလိုက်မိသလားကွယ်………….
ဟိုး…………..
ဟိုးအဝေး…………
ခပ်လှမ်းလှမ်းထိ………..
ပြန့်ကြဲနေတဲ့ အတွေးတွေအားလုံးထဲမှာ…….
မင်း အရိပ်တွေ ကျန်နေရစ်……
ရှိန်းမြရှတနေတဲ့…….နှင်းဆီတစ်ပွင့်ရဲ့ ရနံ့တွေကဆန်းသစ်လို့…
ငါ့အဖို့တော့………..
ဒါဟာ…..ရင်ခုန်သံနဲ့ ငြိမ်းချမ်းရေးရတဲ့ အချိန်ဖြစ်လေရဲ့…………..။ ။
သွေးခန့်
No comments:
Post a Comment