သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: သိပ်မှတ်မိတာပေါ့

Tuesday, May 22, 2012

သိပ်မှတ်မိတာပေါ့

အင်္ဂလိပ်စကားပြောရာမှာ လူတိုင်းကြုံတွေ့ရတဲ့ အမှားတစ်ခုက မှတ်မိအောင်ကြိုးစားခြင်း(Trying to Memorize) ပါပဲ။ Vocabulary တွေ မှတ်မိအောင်ကြိုးစားတယ်။ ရှုပ်ထွေးတဲ့ grammar rules တွေကို မှတ်မိအောင်ကြိုးစားတယ်။ Dialogues တွေကို မှတ်မိအောင် ကြိုးစားတယ်။ ဒီနေရာမှာ လူတိုင်းအသုံးပြုကြတာက မှတ်စုစာအုပ်တွေ။ အဲ့ဒီထဲမှာ ရေးမှတ်ထားတဲ့ vocabulary listတွေ၊ grammar rulesနဲ့ dialogues တွေ ကို မှတ်မိနေအောင် အလွတ်ကျက်ကြတယ်။ သွားလေရာရွတ်ဆိုကြတယ်။ အင်္ဂလိပ်စကားကို စိတ်ဝင်စားလို့ ဒါကို ဖတ်နေပြီဆိုရင်တော့ အဲ့တာမျိုးကို လုပ်ကို လုပ်ဖူးရမယ်။ အဲ့ဒါတွေက အလုပ်မဖြစ်ဘူး ဆိုတာလည်းသိပြီးလောက်ပြီပေါ့။

ကျွန်တော်တို့ ဒါတွေကို အလွတ်နီးပါးရအောင်ကျက်ကြတယ်၊ မှတ်ကြတယ်။ တကယ်ပြောပြီ။ အင်္ဂလိပ်စကားကို တကယ်ဟြေရပြီ။ ကျက်ထားသမျှ မေ့ကုန်တယ်။ ဒီစကားလုံးငါသိပါတယ်။ ဒါက Trying to Memorize။ဘာလို့မေ့သွားတာပါလိမ့်။ ဘာဆက်ပြောရမှန်းမသိတော့ဘူး။ ပြောနေရင်းနဲ့ grammar rules တွေပြန်စဉ်းစားနေတယ်။ ပြီးခဲ့တာဆိုတော့ past tense သုံးရမယ်။ ဒီတော့ verb 2 ပြောင်းရမှာပေါ့။ ဒီစကားလုံးရဲ့ verb 2 က ဘာပါလိမ့်။ သေစမ်းကွာ။ မေ့သွားပြီ။ ဒါက Focus on Grammar rules ။ အင်း-မဖြစ်ဘူး။ တစ်ခုခုတော့ပြောမှပဲ။ ပြောချလိုက်တယ်။ ဟာ- ငါသုံးလိုက်တာ အမှားကြီးပဲ။ ရှက်လိုက်တာ။ ရှက်စိတ်တွေနဲ့ ထပ်ဟြေ။ မှားပြန်ပြီ။ ဒါက Focus on Mistake ။ ကဲ-ကိုယ့်ကိုယ်ကိုယ် ရယ်(ရီ)စရာကောင်းတယ်လို့ မထင်ဘူးလား။

ဒီတော့ အင်္ဂလိပ်စကားပြော လေ့လာသူတွေကို အဲ့ဒိလိုမျိုး အတင်းအဓမ္မ မှတ်မိအောင်ဆိုပြီး ဦးနှောက်ထဲ ဇွတ်ရိုက်မသွင်းပါနဲ့။ ဒိအလုပ်ကြီးက ပျင်းရိငြီးငွေ့ဖွယ်ကောင်းသလို၊ လုပ်သလောက် အကျိုးမခံစားရတဲ့အခါမှာ ခံပြင်းစိတ်ဖြစ်ရတာ အရမ်းနာကျင်ဖို့ကောင်းပါတယ်။ အင်္ဂလိပ်စကားပြောတွေ နားထောင်၊ လိုက်ပြော၊ စကားလုံး အဓိပ္ပာယ်ကို မှတ်မိဖို့ အတင်းကြိုးစားစရာ မလိုဘူး။ နားထောင်၊ လိုက်ပြော။ မကြာဘူး။ ကျွန်တော်တို့ ပြောမယ်ဆိုတိုင်းမေ့မေ့ သွားတဲ့ ကျက်ထားတဲ့ စကားလုံးတွေက ကျွန်တော်တို့ ဒီအကြောင်းနဲ့ ပတ်သတ်တာကို ပြောလိုက်တာနဲ့ အလိုအလျောက် အသုံးပြုလိုက်ပြီးသားဖြစ်နေတယ်။ အေးဆေးပဲ။သက်တောင့်သက်သာပဲ။ ကျွန်တော်တို့ ကိုယ့်ဘာသာစကားကို ပြောတဲ့အခါ စဉ်းစားစရာမလိုပဲ ပြောချလိုက်သလိုမျိုးပဲ။ အဲ့ဒါကို သတိထားမိသွားတဲ့ အချိန်မှာ ကျွန်တော်တို့ပြောစရာရှိတာကို အဆင်ပြေပြေပြောပြီးသားဖြစ်နေပြီ။ သိပ် အံ့သြဖို့ကောင်းတယ်။

ဒါကြောင့် အင်္ဂလိပ်စကားပြောလေ့လာရာမှာ မှတ်မိအောင်ကြိုးစားခြင်း(Trying to Memorize) ဟာလည်းကြီးမားတဲ့ အရိုးစွဲအမှားတစ်ခု ဖြစ်တယ်ဆိုတာကို ထောက်ပြသတိပေးလိုက်ရပါတယ် ခင်ဗျာ။

သွေးခန့်

Ref: Effortless English Club's Lessons 

No comments:

Post a Comment