*ကမ္ဘာပြားပြီ* တဲ့..
အားလုံးတန်းတူ ဖြစ်ခဲ့ပြီပေါ့…
မြေနိမ့်ရာ လှံစိုက်လို့မရတော့ဘူး…။
ဟော……..
အဲဒီကောင်က ဘာညာ
အဲဒီကောင်မက ကွိကွ…
ကွိစိကွစ…ကွစကွိစိ…
စပ်မိစပ်ရာထိုးလိုက်တဲ့ လှံတွေ…
ရင်ဝကို ၀င်စူးလိုက်
နံကြားကို ၀င်စိုက်လိုက်နဲ့
မြေနိမ့်တွေ မရှိကြတော့ဘူးဆိုတော့
မြင်မြင်ရာ အချင်းချင်း..
စီးချင်းထိုးကြတော့တာပေါ့……….။
အလ္လာပ သလ္လာပတွေကနေ
ကောလနဲ့ ဟာလတွေဖြစ်….
အသစ်အသစ်သော နည်းစနစ်တွေနဲ့
(စိုင်းထီးဆိုင်ရဲ့…..)
*ညှာတာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ*
လေညာကနေ တိုက်ပွဲခေါ်နေကြတုန်းပဲ….။ ။
သွေးခန့်
(13/9/2011)
No comments:
Post a Comment