သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ပြဒါးတစ်လမ်း သံတစ်လမ်း

Saturday, May 26, 2012

ပြဒါးတစ်လမ်း သံတစ်လမ်း

နာကျင်ဖို့ကောင်းတဲ့ စကားတွေကို ချစ်စရာကောင်းအောင်ပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံဟာ
ချစ်စရာကောင်းတဲ့စကားတွေကို နာကျင်အောင်ပြောတတ်တယ်ဆိုတဲ့အကြောင်း
သံယောဇဉ်တစ်ခု တော်တော်တိမ်းစောင်းမှ သိလိုက်ရတယ်။
ဦးနှောက်နဲ့ရွေးချယ်တာနဲ့ သစ္စာမဲ့တာ
လုံးဝမတူညီခဲ့ပါကြောင်း ပြောမပြလိုက်တော့ပါ။
ကဗျာတွေထဲမှာ သူ့အကြောင်းတွေ မရှိတော့ပေမယ့်
သူ့အကြောင်းတွေ ကဗျာထဲမှာပါနေတုန်းပါပဲ။
လူ့ဘ၀တိုတိုမှာ..
ကိုယ်တို့ဆုံတွေ့ခဲ့ရတဲ့အချိန်ဟာ
သိပ်ကြာကြာတော့မဟုတ်လိုက်ဘူး..
ရူးမယ်ဆိုရင်တော့ ရူးလို့၇ပါတယ်။
ပြောပြဖွင့်ဟချင်တဲ့အခါ ကဗျာတွေဟာ စကားပြောတာနဲ့တူလာတယ်။
ဘာမှဖွင့်မပြောချင်တဲ့အခါ စကားတွေဟာ ကဗျာတွေဖြစ်လာတယ်။
မဲ့ပြုံးတစ်ပွင့်နဲ့ ကိုယ့်ကို မင်းထားသွားခဲ့တယ်။
မင်းထားသွားတဲ့နောက်မှာပဲ ကိုယ် မဲ့ပြုံးတွေ ပြုံးတတ်လာတယ်။
ဘ၀ကို တည်ဆောက်ချင်တဲ့သူပါ။
အသင့်ဆောက်ပြီးသား ဘ၀ကို မင်းယူဝတ်သွားခဲ့တယ်။
ကဲ..ဒီလမ်းမှာမှ မင်းနဲ့ကိုယ် မခွဲရရင်…
ကိုယ် ဒီအကြောင်းတွေကို ဒဏ်ရာလို့မခေါ်တော့ဘူး။ ။


သွေးခန့်

No comments:

Post a Comment