ကျွန်တော်တို့က အနိးမှာရှိတဲ့လူကျတော့ တန်ဖိုးမသိကြပဲ
အားမနာပါးမနာနေတတ်ကြပေမယ့် အဝေးကလူ၊ ကြားရုံသာကြားဖူးသူ၊
သေသေချာချာမရင်းနှီးပဲ မြင်ရုံသာမြင်ဖူးသူတွေကိုတော့
ရမ်းသမ်းအထင်ကြီးတတ်ကြပြန်ပါတယ်။ ဒါကိုပဲ ပြင်သစ်ပုံပြင်ဆရာ လာဖွန်တိန်းက
*ကုလားအုတ်* ပုံပြင်ရဲ့အဆက်အနေနဲ့ *ထင်းစည်း* ဆိုတဲ့ ပုံပြင်လေးကို
ဆက်ပြောပြခဲ့ပါတယ်။
ကမ်းခြေမျှော်စင်မှာနေပြီး ကင်းစောင့်တာဝန်ယူထားရတဲ့သူတစ်ယောက်ဟာ ပင်လယ်ပြင်ကိုစောင့်ကြည့်နေပါတယ်။
ဟိုးအဝေးရေပြင်ကြားကနေ တရွေ့ရွေ့လာနေတဲ့
ထိုးထိုးထောင်ထောင်အရာကိုမြင်တဲ့အခါ *ရွက်တိုင်မြင်တယ်၊ ရွက်တိုင်မြင်တယ်။
စစ်သင်္ဘောကြီးတစ်စင်းလာနေတယ်* လို့ထအော်ပါတယ်။
နောက်ငါးမိနစ်လောက် ထပ်စောင့်ကြည့်ပြီးတဲ့အခါကျတော့ စစ်သင်္ဘောမဟုတ် ကမ်းရိုးတန်းသွားသင်္ဘောငယ်တစ်စင်းဖြစ်မယ် လို့ပြောပါတယ်။
ပိုပြီးနီးလာတဲ့အခါကျတော့ တစ်တက်လှော်လှေငယ်လို့ သူထင်လာပါတယ်။
နောက်တော့ လှေမဟုတ်တော့။ အမှိုက်သရိုက်တွေစုပြီးမျောလာတဲ့ ဘေထုပ်တစ်ထုပ်ဖြစ်မယ်လို့ ယူဆပြန်တယ်။
တကယ့်အနီးကပ်ကိုေ၇ာက်တဲ့အခါမှာတော့ ထင်စည်းတစ်စည်းမျောလာတာ ဖြစ်ကြောင်းတွေ့လိုက်ရပါ သတဲ့။
နီးနီးစပ်စပ်ကလူ။ ကိုယ်နှင့်၇င်းနှိးကျွမ်းဝ်သူဆိုလျှင် အထင်မကြီးကြ။
အဝေးကလူ၊ လူစိမ်းတစ်ယောက်ဆိုလျှင် ရမ်းသမ်းအထင်ကြီးတတ်ကြကြောင်း
ပြောလိုက်တာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်အနီးအနားကလူကို မထင်မကြီး၊ မခန့်လေးစား မလုပ်သင့်သလို
ကိုယ်သေသေချာချာမသိတဲ့သူတွေကိုလည်း ရမ်းသမ်းအထင်မကြီးကြပါနဲ့။
အနီးအနားမှာရှိပြီး ကိုယ့်အကျိုးစီးပွားအတွက် စွမ်းဆောင်ပေးနိုင်တဲ့
အစွမ်းသတ္တိရှိသူတွေကိုလည်း အမှုမဲ့အမှတ်မဲ့ ပစ်မထားပါနဲ့။ အဝေးကလာပြီး
သူ့အကြောင်းဘာမှရေရေရာ၇ာမသိ၊ သူ့အစွမ်းအစဘာတွေရှိမှန်းလည်းမသိပဲ
တွေ့ရခဲတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ အလွန်အကျွံတန်ဖိုးမထားကြပါနဲ့။
သင်ထင်သလို အဲ့လူက စစ်သဘောင်္ကြီးမဟုတ်ပဲ ထင်းစည်းဖြစ်နေတဲ့အခါမှ
အနားကိုပြန်ကြည့်မယ်ဆိုရင် သင့်အနားက လှေငယ်လေးတွေက သင့်ကို
စိတ်ပျက်လက်ပျက်နဲ့ စွန့်ခွာသွားတာ တော်တော်ကြာခဲ့ပြီး ဖြစ်နေပါလိမ့်မယ်။
ငါမှားပြီ လို့သိလိုက်တဲ့အချိန်မှာ သင့်နားမှာ နောင်တတွေပဲ
ကျန်ခဲ့ပါတော့မယ်။ ဒါကြောင့် ဘာမှန်မသိပဲရမ်းသမ်းအထင်ကြီးတာတွေကို
ဖယ်ထားပြီး ကိုယ့်အနီးအနားကို ပြန်ကြည့်ပါ။ တန်ဖိုးကိုသိပါ။
တန်ဖိုးထားတတ်ပါ။
သွေးခန့်
(22/9/2011)
No comments:
Post a Comment