သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ရင်ပွင့်စေတဲ့နှင်းဆီ

Saturday, May 26, 2012

ရင်ပွင့်စေတဲ့နှင်းဆီ

ပန်းတစ်ပွင့်……
သိပ်လှတဲ့ ပန်းတစ်ပွင့်ပါ……….
နှင်းဆီတစ်ပွင့်လို ရွှန်းစိုမှုမျိုးနဲ့……….
နတ်မိမယ်တစ်ပါးလို ကကြိုးတွေကြားမှာ……..
ရီဝေနစ်မျောရင်း……
ဂီတကို သက်ဝင်လှုပ်ရှားပစ်လိုက်တယ်………..

ကြွေရုပ်လေးတစ်ရုပ်……..
လင်းပညက်ညောနေတဲ့ ကြွေရုပ်လေးတစ်ရုပ်ပါ……
တိမ်တိုက်တစ်ခုလို နူးညံ့မှုမျိုးနဲ့………
လေညင်းလေးလို ငြင်သာမှုတွေကြားမှာ….
အခါခါမိန်းမောရင်း……
တေးသွားကို သွေးကြောထဲမှာ စီးဆင်းပစ်လိုက်တယ်………….

အကြည့်တွေနဲ့ အပြုံးလေးတစ်ချက်……
လွှမ်းမိုးညှို့ငင်နိုင်တဲ့ အကြည့်တွေနဲ့ အပြုံးလေးတစ်ချက်ပါ……..
တော်ဝင်မင်းသမီးလေးတစ်ပါးလို သိမ်မွေ့မှုမျိုးနဲ့………
နှလုံးသားကို ငြင်သာစွာ ရစ်တွယ်နိုင်တဲ့ ရနံ့တွေရဲ့ကြားမှာ……
ချစ်ခြင်းတွေကို မင်းဆီအရောက်ဖြန့်ကြက်ရင်း……..
သံစဉ်တွေကြားမှာ…….
ငါ့ရှုံးနိမ့်ခြင်းကို   လက်ခံရယူပစ်လိုက်တယ်………………။                    ။


သွေးခန့်

No comments:

Post a Comment