သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: တောထဲကသစ်ပင်ပေါ်မှာသွားနေချင်ပြီ

Saturday, May 26, 2012

တောထဲကသစ်ပင်ပေါ်မှာသွားနေချင်ပြီ

လူဆိုတာ …
ပတ်ဝန်းကျင်နဲ့နေတာ….။

တစ်ခြားအတ္တတွေနဲ့
အဆင်ပြေအောင်မနေထိုင်တတ်ခဲ့ရင်….
ဟင်းလင်ပြင်ထဲမှာ တစ်ပင်တည်းပေါက်နေတဲ့
သစ်ပင်ကြီးလိုဖြစ်သွားလိမ့်မယ်…။

အဲ့ဒီ့အတ္တတွေက..
ကိုယ့်အ၀န်းအ၀ိုင်းမှာလာပြီး…
နေသင့်တဲ့နေရာထက် ကျူးကျော်လာတော့လည်း
စိတ်မှာ နည်းနည်းတော့ ချဉ်လာတယ်…။

ကဲ…ရှိစေတော့….
ကျုပ်နာမည်ကို လူ့ဂွစာလို့ သမုတ်လိုက်…
ကြမ်းလှချည်ရဲ့ဆိုတဲ့ လောကကြီးထဲမှာ
တစ်ကိုယ်တော် မိုက်မယ်။ ။


သွေးခန့်
(13/9/2011)

No comments:

Post a Comment