သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: အသုံးအနှုန်းတူတယ်၊ အဓိပ္ပာယ်ကွဲတယ်၊ နှလုံးသားရဲ့ ဘာသာစကားများ၊ နားလည်ရန်ခက်သည်…..

Saturday, May 26, 2012

အသုံးအနှုန်းတူတယ်၊ အဓိပ္ပာယ်ကွဲတယ်၊ နှလုံးသားရဲ့ ဘာသာစကားများ၊ နားလည်ရန်ခက်သည်…..

သူမကို….
အချိန်တိုင်း သတိရနေတယ်။
အချိန်တိုင်း သူ့အကြောင်းတွေးနေတယ်။
တိုက်ဆိုင်လည်း သတိရတယ်။
မတိုက်ဆိုင်လည်း သတိရတယ်။
အိပ်မက်ထဲလည်း ပါလာတယ်။
သူမဆီကို ဖုန်းဆက်ချင်နေတယ်။
သူမရဲ့ အသံကို ကြားချင်နေမိတယ်။
သူမကို ရင်ခွင်ထဲမှာ ဖက်ထားချင်တယ်။
အကြင်နာတွေပေးချင်တယ်။
ဒါပေမယ့်..
သူမက ကိုယ့်အနားမှာ မရှိပြန်ဘူး။
ကဲ….
သူမကို *အရမ်းချစ်တယ်* ဆိုတာထက်ပိုပြီး..
ကိုယ့်ခံစားမှုတွေ ဖိစီးနေတဲ့အကြောင်း
ဘယ်လို ပြန်ပြောင်းပြောရပါ့ မလဲ။
*အရမ်းလွမ်းတယ်* ဆိုတဲ့ စကားက
တစ်ခါတလေမှာကျတော့……
*အရမ်းချစ်တယ်* လို့ ဆိုလိုတာ…..။ ။


သွေးခန့်
21.7.2011

No comments:

Post a Comment