အို..မိန်းမငယ်…
ရင်ခွင်နယ်ကို အပိုင်စား၍
ဒုက္ခဟူသမျှမေ့စေသော အသင်သည်
အဘယ်အရပ်ဆီမှလာလိမ့်မည်ဟု ကျွန်ုပ်မသိလို။
သင့်အမည်ကို ရေရွတ်မိရုံနှင့်…..
သင့်အမည်ကို ကြားလိုက်မိရုံနှင့် ….
ကျွန်ုပ်ရင်ခုန်ကြည်နူးရသည်……။
ကြည်လင်ရွှင်ပြခြင်းနှင့် ထုံမွှန်းအပ်သော
ချိုသာသည့် အသင့်စကားသံများသာ
ကျွန်ုပ်ရှိရာသို့ လွင့်ပျံလာပါစေ။
ကျွန်ုပ်၏ နှလုံးသားဖြင့် လမ်းခင်းထားခဲ့သည်
သင့်အနမ်းများအတွက်သာ ဖြစ်ပါစေ။
ဤငြိမ်းချမ်းရာမြေတွင်…
သင့်အပြုံးကြောင့် ပန်းများပွင့်ပါစေ…
သင့်အကြည့်ကြောင့် လင်းလက်တောက်ပစေ….။ ။
သွေးခန့်
(4/10/2011)
No comments:
Post a Comment