သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ဧည့်သည် (သို့) လူစိမ်း

Saturday, May 26, 2012

ဧည့်သည် (သို့) လူစိမ်း

ဒီအရပ်နဲ့ ဒီဇာတ်နဲ့တော့
ခြိမ့်ခြိမ့်ကိုသဲနေတာပဲ…
အာရုံငါးပါးပရိတ်သတ်တွေနဲ့
ကြက်ပျံမကျ စည်ကားနေလိုက်တာ……….
လောကဓံကလည်း တီးလိုက်တဲ့ဆိုင်း
မြေနိမ့်ရာ လှံစိုက်တဲ့ပြကွက်မှာ
လက်ခုပ်သံတွေကလည်း မြိုင်ဆိုင်လိုက်ကြတာ…..
သစ္စာတရားရဲ့ ငိုချင်းသံကြားမှာ
အမှန်တရားတွေ မျက်ရည်လည် ရွှဲနဲ့..
ဗီလိန်လုပ်နေကြတဲ့ ဟန်ဆောင်ခြင်းတွေ..
အသက်ဝင်လိုက်တာ…
“ဖြန်း” ခနဲ ဖြတ်ဖြတ်ရိုက်…
ညမှောင်လာပြီ…
ဒေါသမီးတွေ လင်းထိန်လို့
လောဘတွေကြီးစိုးနေတဲ့ ဒီအရပ်မှာ
မောဟတွေ “က” တဲ့ဇာတ်
မြေပြိုမတတ် ရုံလျှံထွက်သွားလိုက်တာ…
သောသောကို ညံလို့ပဲ……။            ။

သွေးခန့်

No comments:

Post a Comment