သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ဇာတ်သိမ်း

Saturday, May 26, 2012

ဇာတ်သိမ်း

အတူရှိခဲ့ဖူးတာတွေက
အတူမရှိခဲ့ကြသလိုပါပဲ…..
ဒါက..
ဘယ်လို အမှားမျိုးလဲကွယ်။

လက်စားချေခြင်းက
မှန်ကန်တဲ့တုန့်ပြန်မှု မဟုတ်ဘူးဆိုတာ..
အချိန်ကြာလာရင် ငါတို့နားလည် လာကြမယ်..။

ငါခံစားရတာကို သိစေချင်ခဲ့တယ်..
ရင်ဘတ်ထဲက အဟောင်းတွေကိုဖြည်ချ..
ဒါပေမယ့်…
မထင်မှတ်စွာပဲ..
နင် လက်ပြသွားခဲ့တယ်။

ဝေးမှန်းနီးမှန်းကို မသိတော့ပါဘူး…
နင်လည်း နင့်နေရာမှာ
ငါလည်း ငါ့နေရာမှာ..
ဝေးသွားခဲ့ကြသလို ခံစားရတယ်…
တစ်ခါမှလည်း မနီးစပ်ခဲ့ဖူးပဲနဲ့..
အမှတ်တရတွေတော့ ရှိခဲ့တာသေချာနေပြန်တယ်။

ဒီ့ထက် ပိုမဝေးနိုင်တော့သလို
ပိုလည်း မနီးနိုင်တော့ဘူး………
ကြားထဲမှာ အမှတ်တရတွေ ခြားသွားတယ်။ ။

သွေးခန့်

No comments:

Post a Comment