သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: မနက်ဖြန်ကို ကျောခိုင်းလိုက်တဲ့သူ

Saturday, May 26, 2012

မနက်ဖြန်ကို ကျောခိုင်းလိုက်တဲ့သူ


ခဏလောက်ခွဲပြီးနေနေရတာကို
သေတော့မလိုလို လွမ်းနေရတာ…
စိတ်ပျော့တယ်လို့ ပြောချင်ပါသလား…..
အနေဝေးလို့ သွေးအေးသွားတာတွေ..
ကြုံဖူးတယ်….
ဘ၀ပါ ပျက်သွားခဲ့တဲ့အထိကြုံဖူးတယ်….
ငါ့ဖုန်းကို မင်းမျှော်နေပါသလား….
ငါ အသံကိုကြားရဖို့ မင်းတောင့်တနေပါသလား….
ငါအလို မကျတာကို မျိုသိပ်ဖို့အတွက်
ဘာသင်ခန်းစာမှ ငါမတတ်ခဲ့တာအသေအချာပဲ…
အားတော့နာတယ်ချစ်သူ…
ငါဆိုတဲ့ကောင်ကလည်း…
ငါ ချစ်သလောက်မှ ပြန်ဂရုမစိုက်ဘူးထင်ရင်
ရင်ဘတ်ချင်း သိပ်နားလည်ချင်တဲ့ကောင်မဟုတ်ဘူး…။ ။

သွေးခန့်

No comments:

Post a Comment