သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ရှက်တာကို ဖုံးကွယ်မနေနဲ့၊ ဖယ်ရှားရမှာ

Tuesday, May 22, 2012

ရှက်တာကို ဖုံးကွယ်မနေနဲ့၊ ဖယ်ရှားရမှာ

ကျွန်တော်တို့ အရွယ်ရောက်ပြီး သူတွေအနေနဲ့ အင်္ဂလိပ်စာ လေ့လာရမှာ ပထမဆုံးတွေ့ရတာက ရှက် တာပါ။ ဘာကြောင့် ရှက်ကြသလဲ။ တက္ကသိုလ် တစ်ခုခုက ဘွဲ့ကရပြီးနေပြီ။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီးတော့လည်း သိနေကြတယ်။ ကဲဒါဆို ပြောကြမယ်။ ပြောဖို့အကြောင်းပေါ်လာပြီ။ တွန့်ဆုတ်နေကြတယ်။ မပြောရဲဘူး။ ပြောချင်ပါတယ်။ မထွက်ဘူ။ ငါများမှားသွားမလား။ ဟုတ်ပြီ။ကိုယ်မတတ်ဘူး၊ မဟြေနိုင်ဘူးဆိုတာ သိပြီ။ ဘာလို့မသင်ကြတာလဲ။ အင်္ဂလိပ်စာသင်လာတာနဲ့ပဲ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ရတော့မှာလား။ မဟုတ်ဘူး။ အင်္ဂလိပ်စာ သင်ထားပေမယ့် မပြောတတ်တာ ဖြစ်နိုင်တာပဲ။ ဒါဆို ဘာလို့ မသင်ကြတာလဲ။ ငါကဘွဲ့ရ။ ငါက ကုမ္ပဏီတစ်ခုက မန်နေဂျာ။ ဒီအချိန်ကျမှ နောက်တိုးတွေနဲ့ ရောသင်ရမှာလား။ သူတို့တွေနဲ့ တန်းတူမှ မဟုတ်တာ။ ခုမှ ပြန်သင်နေရရင် ရှက်စရာကြီး။ အဲ့ဒီ့မှာ စလွဲပြီ။ အင်္ဂလိပ်စကားဟာ နိုင်ငံတကာမှာ အသုံးအများဆုံး မဟုတ်ပါဘူး။ တရုတ်စကားက ပိုပြီးတောင် အသုံးများပါသေးတယ်။ ဒါပေမယ့် အင်္ဂလိပ်စကားက နိုင်ငံတကာ အရံ ဘာသာစကား (International Auxiliary Language) တော့ ဖြစ်နေပါတယ်။ တတ်ကို တတ်ထားသင့်တဲ့စကားပါ။ ရပါတယ်ကွာ။ ငါဒီလောက်နဲ့ ဟြေလို့ဖြစ်ပါတယ်။ ဟော သူတင်ကိုယ်တင်ဟြေရပြီ။ ကိုယ့်နိုင်ငံသားအချင်းချင်းပဲ။ ပြောနေတာ ချောမွေ့လို့။ ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ မွှတ်နေတာပဲ။ ကိုယ်ကရော။ ပြောတတ်ပါတယ်။ ဒါပေမယ့် မီးကျိုးမောင်းပျက်။ ဒါပဲ။ သေချာလေ့လာတဲ့သူနဲ့ မလေ့လာတဲ့သူ တကယ့်ပွဲမှာကွဲတာပဲ။ လူအများရှေ့မှာ အကြီးအကျယ်ရှက်ရပြီ။ အဲ့တာနဲ့ ယှဉ်လိုက်ရင် ဒီအရွယ်ရောက်မှ အင်္ဂလိပ်စကားပြောပြန်သင်နေရတယ် ဆိုတဲ့ ရှက်ရွံ့ခြင်းက ဘာမှမဟုတ်တော့ဘူး။ သင်ပါ။ အင်္ဂလိပ်စကားပြောကို သင်ကြပါ။ မတတ်သေးဘူးထင်ရင်၊ တတ်ပေမယ့် ပြောရတာ မချောမွေ့ဘူးထင်ရင် သင်ပစ်လိုက်။ ရောက်တဲ့အသက်အရွယ်မှာ သင်ပစ်လိုက်။ ဘယ်မှာမှ မသုံးဖြစ်ဘူးဆိုရင်တောင် ကိုယ့်သားသမီးတွေကို ခေတ်နောက်မကျအောင် မျိုးစေ့ချပေးလို့ရတယ်။ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံနေချိန်မှာ နိုင်ငံခြားသားတစ်ယောက်က မေးမြန်းနေတာကို ကိုယ့်လူတစ်ယောက်က မဖြေနိုင်ဘူး။ အထစ် အထစ်နဲ့။ ရဲ၇ဲကြီး ၀င်ကူညီလိုက်။ ကိုယ့်လာမေးရင် မပြောတတ်မှာစိုးလို့၊ ဟြေရရင် ခွေးအကြီး လှည်းနင်းခံရသလို ဖြစ်နေမှာစိုးလို့ ကုပ်နေရတာမျိုး မဖြစ်တော့ဘူး။ ကဲဒီတော့ ပွင့်ပွင့်လင်းလင်း ၀န်ခံစမ်းပါ။ အင်္ဂလိပ်စကားပြောကြတဲ့အခါ သူပြောတာကို ခင်ဗျား တစ်ကယ်နားလည်လို့လား။ တကယ်ရော သပ်သပ်ရပ်ရပ် ပြန်ပြောနိုင်မှာ သေချာရဲ့လား။ သေချာတာပေါ့။ ဒါဆိုရင်တော့ ဖတ်ပေးတာကို ကျေးဇူးပါ။ ကျွန်တော်/ကျွန်မကတော့ဖြင့် မသေချာဘူး။ ဒါဆို သင်လိုက်ပါ။ ဒီနေ့ပဲ စသင်လိုက်။ ကိုယ့်ဘာသာစကား မဟုတ်တဲ့ ဘာသာခြား စကားတစ်ခုကို သင်တာရှက်စရာ မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်၊ ဘာအဆင့်အတန်း၊ ဘာဘွဲ့ညာဘွဲ့ ခဏဖယ်ထားလိုက်။အဲ့တာတွေက ခင်ဗျားရှက်နေတယ်ဆိုတာကို ခင်ဗျားကိုယ် ခင်ဗျားမသိအောင် ကူပြီးလှည့်စားပေးနေတာ။ အရှိ ပကတိကိုမြင်အောင်ကြည့်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်။ ဒါနဲ့များ ဘာမဟုတ်တာတွေနဲ့ အကြောင်းပြပြီး ဘာကြောင့်ရှက်နေကြမလဲ။ ကိုယ့်အတွက် အကျိုးရှိနေတဲ့ ကိစ္စပဲဗျာ။ မဟုတ်ဘူးလား။

သွေးခန့်

No comments:

Post a Comment