သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: အမေ့အိမ်

Saturday, May 26, 2012

အမေ့အိမ်

မိုင်ထောင်ချီတဲ့ ခရီးကို….
ခြေတစ်လှမ်းနဲ့  “စ”ရမယ်တဲ့….
ဒီခြေလှမ်းကို ကျွန်တော်လှမ်းနေတာကြာပြီ…..
ခုထိ ဒီခရီးကိုမရောက်သေးဘူး…………

နွေမိုးဆောင်း…
ကျွန်တော့် အခန်းကို အ၀င်အထွက်လုပ်တာ….
ရှစ်ကြိမ်တောင်ရှိပေါ့…..
ကျွန်တော်ဖြင့်
ထွက်လာကတည်းက ပြန်ကိုမ၀င်ရသေးဘူး……

အဲ့ဒီမှာ မတွေ့ဖူးတဲ့ ဒုက္ခတွေ ..
မကြုံဖူးတဲ့ ရုန်းကန်ခြင်းတွေ….
မထင်မမြင်ဖူးတဲ့ ဟန်ဆောင် ကောက်ကျစ်မှုတွေ….
……………………………………….
…………………………………………..
အို…အများကြီးမှ ….တကယ့်ကို အများကြီး
အဲ့ဒီမှာ မရှိပေမယ့်…
ဒီမှာရှိနေလိမ့်မယ်လို့ တွေးတောင်မတွေးမိဘူး….

နွေးထွေးတာလား…
အေးချမ်းတာလား….
လုံခြုံမှုပေးတာလား……
ကျွန်တော် စဉ်းစားရင်းေ၀၀ါးလာတယ်…
ဘာ့ကြောင့်လဲ…
ပြန်ချင်တယ်….
ပြန်မရောက်ဘူး…..။                ။



သွေးခန့်


No comments:

Post a Comment