ကျွန်တော်...
မနက် ခြောက်နာရီမှာ အိပ်ယာထတယ်
နာရီကို ကြည့်လိုက်တော့...
ခုနှစ်နာရီထိုးပြီ...
အချိန်နှင့် ဒီရေသည် လူကိုမစောင့် တဲ့
စောင့်ချင်စောင့် မစောင့်ချင်နေပါ
မနက်ခြောက်နာရီမှာ ကျွန်တော် အိပ်ယာကထတယ်....
လူမပြောနဲ့...
ကော်ဖီထုပ်ကတောင် အမိန့်ပေးချင်သေးတယ်..
ကော်ဖီမှုန့်အရင်ထည့်...
ရေနွေးကိုနောက်မှထည့်...
ကဲ..
ရေနွေးထဲကို ကော်ဖီမှုန့်ဖောက်ထည့်တော့ဘာဖြစ်သလဲ
ဒီလိုဆိုလည်း ကော်ဖီတစ်ခွက်ဖြစ်တာပဲလေ....
အပြင်မှာ နေသာနေတယ်...
နေ ဆိုတဲ့အမျိုးက တစ်ညလုံးအိပ်တာမဟုတ်ဘူး..
ဒီဘက်ကို မီးပိတ်ပြီး..
ဟိုဘက်ခြံကို အလည်သွားနေတဲ့ ကောင်စားမျိုး...
သိပ်မဆိုးဘူး...
ကျွန်တော်က သူ့ထက် နှစ်နာရီပိုအိပ်တယ်....
မျက်နှာမသစ်တဲ့ နေရောင်အောက်မှာ
မျက်နှာသစ်ပြီး ကော်ဖီသောက်လိုက်တယ်...
သူကတော့အရင်အတိုင်းပဲ...
လောင်ကျွမ်းနေကြရတာချင်းအတူတူ
ကျွန်တော်ဆိုတဲ့ လူက ပိုပူနေတယ်...
ဟုတ်ကဲ့..အဲ့ဒီ့နေ့က..
စားပွဲတင်နာရီ ခုနှစ်နာရီထိုးတဲ့အချိန်..
မနက်ခြောက်နာရီမှာ ကျွန်တော်အိပ်ယာကထတယ်...။ ။
သွေးခန့်
(10/11/11)

No comments:
Post a Comment