သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: နေနဲ့တူတဲ့ ခရီးသွား

Saturday, May 26, 2012

နေနဲ့တူတဲ့ ခရီးသွား

သိပ်ခက်တာပဲကွယ်....
ဘ၀ထဲကို ၀င်လာတာလည်းမဟုတ်ဘူး.....
ထွက်သွားတာလည်း မဟုတ်ဘူး....
နေ လိုပဲ....
သံသရာကိုဗဟိုပြုပြီး မွေးသေလမ်းကြောင်းအတိုင်းလှည့်ရင်းနဲ့.....
ခင်ဗျားတို့မြင်ရတဲ့ ဘက်ကိုရောက်ခဲ့လို့ ခဏမြင်လိုက်ရတာပါ....

ဒီခဏကို..
ခင်ဗျားတို့က တစ်ဘ၀လို့ခေါ်နေတယ်လေ..
ခင်ဗျားတို့ဆီမှာ ကျုပ်ပျောက်ကွယ်သွားတုန်း
ကျုပ်ကိုချစ်တဲ့သူတွေ...
ကျုပ်အတွက် မှောင်မိုက်နေကြတုန်း မှာ...
ကျုပ်က သံသရာ တစ်ဖက်ခြမ်းကိုရောက်သွား..
ဘ၀တွေခြားသွားတယ်ဆိုပါတော့...

ဒါပါပဲ...
သိပ်ထူးထူးဆန်းဆန်းမဟုတ်ဘူး...
ပညတ်ချက်တစ်ခုနဲ့
ခင်ဗျားတို့ သိရှိခဲ့တဲ့ ကျုပ်က
အစိုးမရခြင်းတွေ...
မတည်မြဲခြင်းတွေ..
ဒုက္ခတွေ.....
......ကို
ခါးကိုင်းမတတ်လွယ်ပိုးပြီး..
ခရီးရှည်ကြီးနှင်နေရတဲ့
သုညတစ်ကောင်ပါ.....။         ။



သွေးခန့်
(18/2/2012)

No comments:

Post a Comment