လက်ဗလာနှစ်ဖက်နဲ့...
ဘာမဆိုရယူမယ်ဆိုတဲ့ စိတ်နဲ့...
ဒီလိုနဲ့..
ကျွန်တော်တို့မွေးဖွားလာကြတယ်.....။
ရယူဖို့အတွက်..
ကိုယ့်ဘက်က အရင်ချခင်း
ပေးဆပ်ရတဲ့ အရင်းအနှီးကပိုများနေလိမ့်မယ်...။
မျှော်လင့်ချက်ဆိုတာက
လိုတာထက်ပိုသွားရင်...
နောင်ကျဉ်အောင် ဒဏ်ပေးတတ်တာမျိုးလေ..။
ရနိုင်သမျှ ယူချင်တဲ့စိတ်နဲ့
ရခဲ့ဖူးတာပဲဆိုတဲ့ ယုံကြည်ချက်နဲ့
ရနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
ကိုယ့်ဘ၀က ကိုယ့်အတွက်နဲ့ ပဲ့ကြွေနေတာတောင် မသိလိုက်ရှာဘူး။
တစ်ခါတစ်လေကျရင်
ဘ၀က ကိုယ်ထင်သလိုပေးမဖြစ်တဲ့အခါ
ကျွန်တော်တို့ အရမ်းနာကျင်ကြမယ်...
အတိတ်ကို ၀ဲလည်နေတဲ့
သူငယ်ပြန်အတွေးတွေနဲ့...
ဘ၀ကို နားမလည်စွာရပ်ကြည့်ရင်း
ကျွန်တော်တို့ အိပ်ပျော်သွားကြမယ်....။
ဗလာနတ္ထိနဲ့
ကျွန်တော်တို့ရဲ့လက်ကို ပြန်ကြည့်ပါ..
ယူဖို...ပေးဖို့သာမဟုတ်သလို....
လဲကျချိန်မှာထူဖို့ ကူညီနိုင်ပါတယ်...
ဘာမှမပါပဲ...
လူ့လောကထဲဝင်လာတာပဲဗျာ..
အရှုံးဆိုတာ တကယ်မရှိပါဘူး။ ။
သွေးခန့်
(17/11/2011)
No comments:
Post a Comment