ကျွန်တော်တို့ အနေနဲ့ အင်္ဂလိပ်စကားပြော သင်ယူကြရာမှာ ကြီးမားတဲ့၊
အရိုးစွဲနေတဲ့၊ ပြုပြင်ဖို့ခက်တဲ့
အမှားတွေကိုတွေ့ကြုံရပါတယ်။အရင်ပို့စ်မှာပြောခဲ့တဲ့ သဒ္ဒါပေါ်
အာရုံစိုက်လွန်းတာ၊ စကားပြောမယ်ဆိုရင် သဒ္ဒါကို မှန်အောင် စီစဉ် စဉ်းစားနေတာ
(Focus on Grammar) ဟာလည်း ကြီးမားတဲ့ အမှားတစ်ခုပါပဲ။ နောက်ထပ်တစ်ခုက
အမှားပေါ် အာရုံစိုက်တာ(Focus on Mistake) ပါ။ အင်္ဂလိပ်စကားပြောတော့မယ်ဆိုရင်
မှားမှာကြောက်တယ်၊ သဒ္ဒါမှားသုံးမိမှာ၊ အသုံးအနှုန်းမမှန်မှာ၊
အသံထွက်လွဲမှာ စသည်ဖြင့် အမှားတွေက အရင်ဆုံးခေါင်းထဲ ရောက်လာပါတယ်။
တကယ်ပြောတဲ့ အခါလည်း ကိုယ်တွေးထားတဲ့ အတိုင်းပါပဲ။ မှားတယ်။
ဆိုးဆိုးရွားရွားကို မှားတယ်။
ကျွန်တော်တို့ စိတ်စွမ်းအင်မြှင့်တင်ရေး အကြံပေး နယ်ပယ်မှာ အဓိက
၇င်ဆိုင်ရတာလည်း ဒီပြဿနာပါပဲ။ စိတ်ပညာ သဘောတရားနဲ့ပြောရရင် ကျွန်တော်တို့ဟာ
အမှားကို အာရုံစိုက်တဲ့အခါ အမှားတွေပိုလုပ်မိလာတတ်ပါတယ်။
အင်္ဂလိပ်စကားပြောရာမှာ အမှားကို အာရုံစိုက်မိကြတာ လူတိုင်းလိုလိုပါပဲ။
ဘာကြောင့်လည်းဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းသင်ပညာရေးစနစ်တိုင်းက
အမှားကို အာရုံစိုက်မိအောင်၊ ပြီးမှ နောက်တစ်ခါ မမှားအောင်
သင်ပေးတတ်ကြပါတယ်။ ဒီလို အရိုးစွဲလာတဲ့ အလေ့အကျင့်ကို ဖျောက်ပေးဖို့
အရမ်းခက်ပါတယ်။ မရတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဦးနှောက်ကို ဖြည်းဖြည်းချင်း
ပြန်ကျင့်ယူရမှာပါ။
ဒါကြောင့် အင်္ဂလိပ်စကားပြောရာမှာ သဘာဝကျကျ၊ ချောချောမွေ့မွေ့
ပြောနိုင်ကြဖို့အတွက် ကျွန်တော်တို့အနေနဲ့ အမှားတွေပေါ်ကို
အာရုံမစိုက်မိဖို့လည်း အရေးကြီးပါကြောင်း အကြံပေးပါရစေ။
သွေးခန့်
Ref: Effortless English Club's Lessons
No comments:
Post a Comment