ဝမ်းနည်းကြေကွဲပါ……..မပေါက်ကွဲပါနဲ့……..တစ်ယောက်တည်းမနေပါနဲ့…..သူငယ်ချင်းတွေနဲ့
ရောနှောနေလိုက်ပါ………..မဖြစ်မနေလုပ်ရမယ့် ရှောင်လွဲလို့မရတဲ့
အလုပ်တစ်ခုခုကိုလုပ်ပါ……..ဒါဆို သင့်ကြေကွဲမှုကိုတော့ ခဏ
ရှောင်ပြေးနိုင်လိမ့်မယ်…….နောက် စိတ်ခွန်အားဖြစ်စေမယ့်
စာတွေဖတ်ပါ…..ငါ့ကျမှ အဖြစ်ဆိုးရလေခြင်းလို့ မထင်ပါနဲ့…..သင့်လို လူတွေ
မရေမတွက်နိုင်အောင်ရှိခဲံပါတယ်..ရှိနေပါတယ်….ရှိလာပါဦးမယ်………
ဒီလိုကြုံတွေ့ရတာကို သင်ခန်းစာယူပါ………*ဒါဟာ အချစ်မှာ အဆင့်အမြင့်ဆုံး သင်ခန်းစာဖြစ်နေလို့ပါပဲ*……………အချိန်ဆိုတာက ကုစားသွားမှာပါ…….ဘယ်လောက်ကြာမလဲ ဆိုတာတော့ သင့်ရဲ့ အစွဲအလမ်းကြီးမှုပေါ်မှာ မူတည်ပါတယ်………..*မင်းနဲ့ဝေးသွားရင် အသည်းကွဲမယ်……နောက်တစ်ယောက်မတွေ့ခင်အထိ* တဲ့………ဒါကို ဟာသသက်သက်မထင်ပါနဲ့..တစ်ကယ်မှန်တာပါ……..ဘာကြောင့်လဲ ဆိုတော့ အချစ်ဆိုတာ တစ်သက်မှာတစ်ခါပဲ ပွင့်တတ်တဲံ့ပန်း မဟုတ်လို့ပါ……….သင်နောက်တစ်ယောက်တွေ့တဲ့ အခါ သင်ခံစားခဲ့မိတဲ့ အချိန်တွေကိုနှမြောနေမိမှာ သေချာပါတယ်…………..သင့်အရင်ချစ်သူပေါ် ယုံကြည်ပြီးချစ်ခဲံ့သလောက် သူ့ကိုချစ်နိုင် မချစ်နိုင်ဆိုတာတော့……သူ သင့်ကိုဘယ်လောက်ချစ်သလဲ ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်………..
သင်ဟာရှုံးနိမ့်ခဲ့သူပါ….ဒါကတော့သေချာပါတယ်…နာကြည်းဖို့လည်းကောင်း ပါတယ်……ဒါပေမယ့် ဒီလို သစ္စာမဲ့တတ်သူမျိုးနဲ့ စောစောစီးစီး ဝေးရတာကိုပဲဝမ်းသာပါ…..တစ်ကယ်လို့ သင်တို့ ဘ၀တွေပေါင်းစည်းပြီးချိန်မှ ဒီလိုဖြစ်ခဲ့ရင် ပိုပြီးဆုံးရှုံးပါလိမ့်မယ်……..သင်ဟာ လောလောလတ်လတ် ဒီအဖြစ်မျိုးကြုံနေတယ်ဆိုရင်တော့ တစ်ခု သတိပေးပါရစေ…………*ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ထဲကနေ သင့်လျော်တဲ့တန်ဖိုးထက် ထုတ်နှုတ်ပြီးမလဲလှယ်မိပါစေနဲ့*……………
သင်တွေးကြည့်ပါဦး……..ချစ်သူ့သက်တမ်းတစ်လျှောက်မှာ ဒီတစ်ခုကလွဲပြီး သူ့မှာ အပြစ်ပြောစရာမရှိဘူးဆိုရင်….သင့်မှာချွတ်ယွင်းချက်များခဲ့လို့ ဒီကိစ္စဖြစ်လာရတာ သေချာပါတယ်………သူ့ရဲ့သစ္စာမဲ့မှူဟာ သင့်ချွတ်ယွင်းချက်အားလုံးနဲ့ ညီမျှပါတယ်…….*တစ်ခြားသူတွေဆီမှာရှိနေတဲ့ သင်မကြိုက်တဲ့ အချက်တော်တော်များများဟာ သင့်ဆီမှာလည်းရှိနေတယ်* ဆိုတာကို သေချာစဉ်းစားကြည့်ရင် အံ့သြထိတ်လန့်ဖွယ်ကောင်းအောင် သင်တွေ့ရပါလိမ့်မယ်…………………….
ဒီလိုမဟုတ်ပါဘူးဆိုရင်တော့….သူဟာမျက်နှာများတတ်သူပါပဲ……..ဒါကြောင့် အသည်းကွဲတဲ့အခါ ဦးနှောက်သုံးပြီးကွဲပါလို့ပြောချင်ပါတယ်….စိတ်ကိုလွှတ်ပစ်ပြီး အလိုမလိုက်ပါနဲ့……ဒီအချိန်မှာ သင့်စိတ်တွေကို နတ်ဆိုးတွေကပဲ စိုးမိုးထားတယ်ဆိုတာ သတိရပါ……..ဒီနတ်ဆိုးတွေက သင့်ဘ၀ကို ပြုပြင်လို့မရလောက်အောင် ဖျက်ဆီးပစ်ကြပါလိမ့်မယ်….ဒီတော့ နောက်ဆုံးအနေနဲ့ ကိုယ့်ချစ်သူမှာ နောက်ချစ်သူတစ်ယောက်ရှိသွားတဲ့အခါ…….. *စိတ်ခိုင်ဖို့သာ အေ၇းအကြီးဆုံး* ဆိုတာကိုပဲ ထောက်ပြချင်ပါတယ်………..။
သွေးခန့်

No comments:
Post a Comment