ဆက်ဆံရေးမှာ
သက်ပြင်းတွေ ပြည့်လာတဲ့အခါ …
စိတ်ထွက်ပေါက်တွေ
တစ်ထပ်တည်းမကျတော့တဲ့အခါ …
အမှန်နဲ့ အမှား
ခံယူချက်တွေရှုပ်ထွေးလာတဲ့အခါ …
သက္ကရာဇ် ၂ခုစာရက်စွဲတွေ
မီးခိုးရောင်ဖျော့လာတဲ့အခါ …
တွေ့ ဆုံမှုတွေ
စက်ရုပ်ဆန်လာတဲ့အခါ …
နင့်သောကတွေ
ရက်ဆက်လာတဲ့အခါ …
နင့်နောင်တတွေ
နင်ကိုယ်တိုင် စိတ်ပျက်လာတဲ့အခါ …
(စိတ်သဘောထားချင်းမတိုက်ဆိုင်ပါသဖြင့်) … ။ ။
ပန်းစု
(1:50 AM)
No comments:
Post a Comment