(၁)
သက်ရောက်မှုတိုင်းမှာ..
တန်ပြန်သက်ရောက်မှုရှိတယ်…..
နားမလည်ခဲ့မိတာက ပုံစံတူတန်ပြန်မှု မဟုတ်တဲ့အကြောင်း
ဒီလိုနဲ့..
တို့တွေ စာလုံးပေါင်းမှားခဲ့ကြတယ်။
(၂)
အသွားရှိတိုင်း အပြန်မရှိတာမဟုတ်ပါဘူး…
အပြန်က အသွားနဲ့ မတူခဲ့ရုံလေးပါ…
ငါက မင်းကိုအခါခါချစ်ခဲ့တယ်…..
မင်းရဲ့ အမုန်းတွေကလည်း ငါ့ကို အခါခါသက်ရောက်တယ်။
(၃)
ယိုယွင်းပျက်စီးမှာကြောက်လို့
တို့တွေ မြိုသိပ်ခဲ့တာတွေသိပ်များသွားသလား…
တို့ရဲ့ ဒီဂရီတွေ နည်းနည်းလေးစီစောင်းခဲ့မိတာနဲ့..
အနာဂတ်မှာ လုံးဝမမြင်နိုင်အောင် ဝေးသွားလိမ့်မယ်လို့…
ယောင်လို့တောင် အိပ်မက် မမက်ဖူးပါဘူးလေ….
ဒါပေမယ့်…။
(၄)
ဒီလိုနဲ့………..
တို့တွေ ပိုပိုနီးစပ်မလာပဲ….
လမ်းတွေ တဖြည်းဖြည်းလွဲသွား ကြတော့မယ်…..။ ။
သွေးခန့်
No comments:
Post a Comment