သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: မိုးမျှော်ငှက်တစ်ကောင်အကြောင်း

Saturday, May 26, 2012

မိုးမျှော်ငှက်တစ်ကောင်အကြောင်း

သူ့မှာ ရေတစ်ခွက်ရှိတယ်…..
သောက်မယ်ဆိုတိုင်း….
အသစ် အသစ်တို့နဲ့ ပြည့်လျှံလို့….

နားနေကျ သစ်ကိုင်းလေးလည်းရှိတယ်
စားမယ်ဆိုရင် ၀င်စားလိုက်တာပဲ…
မပြောင်းလဲတဲ့ ပန်းကန် တစ်ချပ်နဲ့….

လုံခြုံမှုလည်းရှိတယ်…
(လိုက်ကာတွေ မတင်ထားရင်….)
ရှုခင်းတွေကြည့်လို့ရတဲ့ ပြတင်းပေါက်နားမှာ…
သူ့ အိပ်ခန်းလေးရှိတယ်…..

အပြင်ထွက်ဖို့ ကြိုးစားတိုင်း…
ကြမ်းပြင်ပေါ်ကို လဲပြိုကျ…
ပြန်မထနိုင်တိုင်း…
ထူမပွတ်သပ်ပေးတဲ့ လက်အစုံတွေလည်း
ရှိခဲ့တယ်….ရှိခဲ့ဖူးတယ်……ရှိနေတယ်….

ဒီရွှေဝါေ၇ာင်သံတိုင်တွေကြားမှာ….
ဧည့်သည်တွေလာတိုင်း…
စကားပြောရတာလဲရှိသေးတယ်……

ပြတင်းပေါက်က ဖြတ်ဖြတ်သွားတဲ့
မိတ်ဆွေတွေရဲ့…..
နှုတ်ဆက် လှောင်ပြုံး တွေလည်းရှိရဲ့….
နာကျင်ခဲ့..နာကျင်ဖူးခဲ့..နာကျင်နေတယ်……


ဟိုးဆီက အပြာရောင်….
နောက် အဖြူရောင်……
သူတို့တွေရှိကြတယ်……
သူ တစ်ခါကနေခဲ့ဖူးတယ်…..

ပြန်သွားချင်နေတဲ့ အိမ်ဆီမှာ
လွတ်လပ်မှုတွေရှိတယ်….
တစ်ခါက သူ့ကို…
တံခါးဖွင့် ပေးခဲ့ဖူးရဲ့…..
မပြန်နိုင်ခဲ့ တာတော့ သေချာတယ်……….။                 ။


သွေးခန့်

No comments:

Post a Comment