သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ဒေါသ

Saturday, May 26, 2012

ဒေါသ


ဆင်တစ်ကောင် မုန်ယိုနေတယ်..။
ဖြတ်သန်းသွားလာခွင့်မပြု..။
စကားတွေက ဓါးလိုပဲ။
ဓါးအိမ်ထဲက စကားလုံးတွေဆွဲထုတ်။ ခုတ်ထစ်။
အပိုင်းပိုင်းပြတ်သွားတာ ဆင်ခြင်တုံတရားပဲ။
တရားပွဲဆိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး။
မရောက်ဖူးတဲ့နေရာဆို သွားဖူးချင်တယ်။ ရွှေတိဂုံဘုရားကို။
ဘုရားပြီး ငြမ်းဖျက်ရတယ်။ လမ်းဖြတ်ရင်တော့ မျဉ်းကြားက ကူးပါ။
ကူးရင်တော့ တစ်မျက်နှာ အစိတ်ကျမယ်။ ကျောကပ်လား။
ကျောကပ်ထားလည်း သွေးခွဲတတ်ကြတာပဲ။
သွေးထားတဲ့ ပုဆိန်နဲ့ ထင်းတွေခွဲ။ ခွမ်းခနဲ။ ခွမ်းခနဲ။
စားပွဲထိုးလေးချော်လဲ သွားပြီ။
သွားပြီ။ ဗိုက်ဆာနေပါတယ်ဆိုမှ ဘာမှအဆင်မပြေ။
အဆင်မပြေတဲ့ ကြားထဲ ချစ်သူနဲ့ စကားများတယ်။
အပြင်လူမ၀င်ရ။
ဝင်ရတဲ့နေရာကို မရှိဘူး။ ကွန်မှ မကောင်းတာ။
မကောင်းတာက ငါပါ။ စိတ်ရှုပ်တုန်း ဖုန်းကောက်ဆက်မိတာ။
မိတာလိုလို၊ မမိတာလိုလိုနဲ့။ လိုင်းကျသွားပြီ။ သေချင်တယ်။
ဟို ဆိုဖာပေါ်မှာကျိုးပစ်လိုက်။
မလာကြနဲ့။ ကန့်သတ်နယ်မြေ။
ဆင်တစ်ကောင် မုန်ယိုနေသည်။ ။



သွေးခန့်
23.5.2011

No comments:

Post a Comment