သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: ရော်ရွက်ဝါများ

Saturday, May 26, 2012

ရော်ရွက်ဝါများ

ပျော်ရွှင်နေတဲ့ နှုတ်ခမ်းတွေ ရှိသလို…
ကြိတ်ငိုနေတဲ့ ရင်ဘတ်တွေလည်း ရှိတယ်….
ရိုးသားတယ်..မရိုးသားဘူး…ဆိုတာ….
အမြင့်က လိမ့်ကျတဲ့ အခါမှာ အရေးမကြီးတော့ဘူး…
မြေပြင်နဲ့ ရိုက်မိမှာပဲ….။
စာနာတတ်တဲ့ မျက်ဝန်းနဲ့ပါ…
ဒါပေမယ့်…
သူတို့အတွက် နာကျင်ပေးရုံပဲ တတ်နိုင်ခဲ့တယ်..
ကံတရားပေပဲကွယ်….။
အရာတိုင်းကိုတော့ မပြောင်းလဲပစ်နိုင်ဘူး….
တတ်နိုင်သမျှ …မျှဝေခံပြင်းပေးခဲ့ပါတယ်။
ဒီတစ်မိုးအောက်မှာ….
တွဲကူတဲ့လက်တွေမရနိုင်ခဲ့တဲ့…
သဘာဝရဲ့ နှင်းဆီပွင့်များ….
ကြေမွ ပျက်သုဉ်းသွားကြတယ် ကြားမိတိုင်း
နှလုံးသားမှာ ထိုင်းမှိုင်းခဲ့ရတယ်။
လည်ချောင်းမှာ ယူကျုံးမရခြင်းတွေ တစ်ဆို့
ခံစားချက်တွေ မျက်ရည်စို့ခဲ့ဖူးပါတယ်….
ကံတရားပါလို့ ဖြေလည်း..
အမှောင်ထဲမှာ အလင်းတွေပျောက်ပျောက်သွားကြတိုင်း
ကျွန်တော့် စိတ်တွေ လှိုင်းထ ရိုင်းစိုင်းခဲ့ရတယ်။ ။

သွေးခန့်
(29.7.2011-FRI)

No comments:

Post a Comment