ဒီအချိန်ဟာ...
သူသူကိုယ်ကိုယ် အနားယူတတ်ကြချိန်ပဲ
မင်းလည်း ကိုယ့်အကြောင်းတွေးပြီး ပြုံးနေတယ် မဟုတ်လား..
မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး...
ကိုယ်က မင်းအကြောင်းတွေးရင်း ပြုံးနေမိတာပဲကိုး.....
ညညဆို ကော်ဖီတွေမသောက်နဲ့ကွယ့်
ဟုတ်ကဲ့ဆိုပြီး မင်းက ခိုးသောက်မယ်..
ဘယ်ရလိမ့်မလဲ..ကောင်မလေးရယ်..
ကိုယ်လည်း သောက်မှာပေါ့...
မနက်ဖြန်....
ဒါမှမဟုတ်..မနက်ဖြန်ကျရင်...
မင်းနဲ့ ရန်ဖြစ်မယ်...စကားများမယ်...
မင်းကို စိတ်ကောက်အောင်လုပ်မယ်...
ပြီးရင် ကျေနပ်အောင်ချော့မယ်....
ကိုယ်...အခု...
ညဘက်ကော်ဖီခိုးသောက်ရင်း..
မင်းနဲ့ ရန်ဖြစ်ဖို့အကြောင်းတွေးပြီး ပြုံးနေတယ်....။
သွေးခန့်
(1/11/11)
No comments:
Post a Comment