ညနေငါ့စာမျက်နှာတွေကိုအစိမ်းလိုက်သေစေမယ့်ဓါးဆိုတာ
ယုံစရာတောင်မရှိဘူး
ဟိုးအရှေ့ကလမ်းလေးက
နင်နဲ့ငါ့အကြောင်းကို
တစ်ခါကပေါ့လို့ငါတိုးတိုးလေးညည်းပြရင်
ခေါင်းညိတ်ပြမယ်လို့နင်ထင်ပါသလား
နင်အခုအရင်လိုငါ့နံဘေးမှာ
အရင်လိုငြိမ်ငြိမ်လေးထိုင်လို့
ဒါပေမယ့်ဒီညနေပြီးရင်
အရင်လိုနင်ချစ်ခြင်းအပြည့်နဲ့
ငါ့ဆီပြန်မလာလောက်တော့ဘူး
နင်ကော
တိတ်ဆိတ်နေလိုက်တာ
ဝေခွဲမရခြင်းတွေုနဲ့
စိးချင်းထိုးနေတာလား
သွားစမ်းပါဟာ
ငါတို့ကရာဇ၀င်ထဲက
နားရွက်ပြတ်သွားတဲ့
သူရဲကောင်းမှမဟုတ်တာ
လောကကြီးရဲ့အညတြနှစ်ခုသာသာပါ
ကဲ
အချိန်ကျပြီ
ပင့်သက်ရှိုက်ချစ်သူ
ငါတို့ရင်ခုန်သံတွေကို
စကားလုံးသုံးလုံးနဲ့
ငါထက်ပိုင်းချိုးတော့မယ်
မေ့………….လိုက်………………..တော့
တော်တော်များပြင်းထန်သွားလား
ပြုံးစမ်းပါဟာ
ဒီစကားတွေအဆုံးမှာ
နင်ပြုံးနိုင်ဖို့ဒီကောင်က
ရင်ဘတ်တစ်ခုလုံးရင်းခဲ့တဲ့ကောင်ပါ
ပြုံးလိုက်စမ်းဟာ
ဟုတ်ပြီ
ပြုံးပြီးရင်
ငါလိုချစ်သူကိုလက်တစ်ဖက်တောင်
မကမ်းရဲသူကို
စကားလုံးနည်းနည်းတော့စွန့်ကြဲခဲ့ပါ
မင်း တစ်ချက်စူးစိုက်ကြည့်လိုက်တယ်..
နေကွယ်တော့မယ့်အငွေ့အသက်နဲ့
ငါ့ရဲ့ စကားလုံးတွေကို ဖြိုခွင်း..
ဒါပေမယ့်….
သိပ်မပြင်းတဲ့ စကားတစ်ခွန်းပါပဲ
မင်းလည်းခေါ်နေကျ
ငါလည်းကြားနေကျ..
……………………….
………………………….
*မောင်*………….
ငါ့ရင်မှာ မှောင်သွားတယ်…
အရောင်တွေ ကွဲဖြာကျန်ရစ်..
အသစ်ထဲမှာ ငိုင်တွေငေးမော….
လောကဓံကို ရင်ဆိုင်သွားပုံက
သိပ်ညက်ညောလွန်းတယ်…
(တို့တွေ)
အိမ်ပြန်ချိန်ရောက်ခဲ့ပြီပဲကွယ်…..။
ချစ်သူရေ
ဒါပေမယ့်
နင့်ထွက်ခွာခြင်းတွေမှာ
ငါ့ချစ်ခြင်းတွေ တယုတယထည့်ပေးလိုက်တယ်
တစ်သက်စာ ငါ့ကိုခွင့်မလွတ်လိုက်ဖို့
ရင်ဘတ်တစ်ခုလုံးကိုဖဲ့ခြွေ
ငါထည့်ပေးလိုက်တယ် မေ………………………..။
သွေးခန့်၊သီရိထက်။
No comments:
Post a Comment