သင်ဟာအကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်: မြေနိမ့်

Saturday, May 26, 2012

မြေနိမ့်

လူတွေက…
ပထမနေရာက လူကိုပဲ
မှတ်မိတတ်ကြသတဲ့….
စကားရှိခဲ့တယ်……။
မှားတယ်….
အရှုံးသမားကိုလည်း မြင်တတ်ကြပါတယ်..
သူတို့ တံထွေးခွက်အလည်မှာ ထည့်မျှောဖို့
အရှုံးသမားတစ်ချို့တော့ လိုတယ်မဟုတ်လား။
ငါလည်း လူပဲကွယ်
အသေအချာကို ခံပြင်းတတ်ပါတယ်…
အနှိမ်ခံဘ၀မှာ ကျင်လည်ရှင်သန်ခဲ့လို့သာ
အရေထူလာရတဲ့ကောင်ပါ။
တွေးမိတယ်…
လှောင်ပြောင်မှုတွေကြားမှာ…
ရင်မနာတတ်ရင် သိပ်ကောင်းမယ်။ ။


သွေးခန့်
(4/9/2011)

No comments:

Post a Comment