ကျွန်တော်တို့ ဘ၀မှာ တော်တော်များများက လိုချင်တာမရခဲ့ကြဘူး။
ဘာကြောင့်မရကြတာလဲ။ ကျွန်တ်ာတို့ ဘာကိုလိုချင်တာလဲ။ သင်ကရော ဘာကို
လိုချင်တာလဲ။ သင်ဘာကို တကယ်လိုချင်တာလဲဆိုတာ ကိုယ်ကိုယ်တိုင်ရော သိရဲ့လား။
သိတာပေါ့ဟ။ ငါက ချမ်းသာချင်တာ။ အဲ့လိုဖြေကြမယ်။ ထပ်မေးပါရစေ။
ဘယ်လောက်ချမ်းသာချင်တာတုန်း။ သန်းပေါင်းများစွာပေါ့ကွာ။ မ၇သေးဘူး။ အဲ့လောက်
ဝေေ၀၀ါးဝါးနဲ့ မရသေးဘူး။ ဒိလောက်တော့ လူတိုင်း စိတ်ကူးကြတာပဲ။
ဒါလောက်လေးကို ရည်မှန်းချက်သိပ်ကြီးပါတယ်လို့ လာမပြောနဲ့လေ။ လူတိုင်း
ဒီလောက်လေးတော့ ဖြစ်ချင်တယ်လို့ စိတ်ကူးမိတာချည်းပဲ။ ဟုတ်ပြီ။ သင်က
ချမ်းသာချင်တယ်။ သန်းပေါင်းများစွာ ချမ်းသာချင်တယ်။ အဲ့ဒီ့
သန်းပေါင်းများစွာဆိုတာ ဘယ်လောက်လဲ။ ဘယ်လောက်လို့ သတ်မှတ်ထားလဲ။ အဲ့ဒါကို
ဘယ်အချိန်မှာ ရချင်တာလဲ။ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်အချိန်မှာ ပြီးမြောက်ချင်တာလဲ။
ဒါက သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်လား။ သင်တကယ်လိုချင်တာ ချမ်းသာဖို့လား။
သေချာရဲ့လား။ ဟ-သေချာတာပေါ့ကွ။ မချမ်းသာချင်တဲ့သူ ဘယ်သူရှိမလဲ။ ဟုတ်ကဲ့၊
ချမ်းသာပြီ ဆိုရင်ပျော်နိုင်ပြီပေါ့။
သင်သိပြီးသား လူတစ်ယောက်အကြောင်း ခဏပြောကြ၇အောင်။ ဆရာကြီးပီမိုးနင်း။
သူ့ရဲ့ပန်းတိုင်၊ သူ့ရဲ့ ရည်မှန်းချက်က ချမ်းသာဖို့ပဲ။ ဒါပေမယ့်
သူချမ်းသာဖို့ မဟုတ်ဘူး။ လူမျိုးတစ်မျိုးလုံး ချမ်းသာလာဖို့။
တက်သစ်စလူငယ်တွေ ချမ်းသာကြဖို့။ အဲ့ဒါကမှ သူ့ရည်မှန်းချက် စစ်စစ်။
ဒါ့ကြောင့် ဒီစာတွေကို သူဘ၀အပင်ပန်းခံပြီး ရေးခဲ့တာ။ ဆရာကြီးလောက်
အသိတရားကြွယ်ဝနေတဲ့သူ တစ်ယောက်အတွက် လူတန်းစေ့နေနိုင်ဖို့ဆိုတာ
ကိုယ့်ဘာသာကြိုးစားရင် လွယ်လွယ်လေးလို့ မထင်မိဘူးလား။ သင်တို့ပြောကြတယ်။
သူကိုယ်တိုင်တောင် ဆင်းရဲနေတာ သူ့စာတွေကို ဘာလုပ်ဖို့ ဖတ်မှာလဲ ဆိုတာလေ။
ဒိလို စာရေးဆရာဘ၀သည်ပင်၊ ဒိလို လူငယ်တွေကို စိတ်ဓါတ်ရိုက်သွင်းပြီး
လူမျိုးချမ်းသာစေချင်တဲ့ စေတနာသည်ပင် သူ့အတွက် ချမ်းသာခြင်းပဲ။
သူယုံကြည်တာ၊ သူလိုချင်တာတွေကို သူလုပ်သွားခဲ့တာ။ သင်ဘယ်လိုပဲပြောနေပါစေ၊
စာပေလောကမှာ ဆရာကြီးပီမိုးနင်းဟာ ခေတ်တစ်ခေတ်ရှိခဲ့တယ်၊ သြဇာရှိခဲ့တယ်
ဆိုတာ ၀န်ခံရလိမ့်မယ်။ ကျောင်းသင်ခန်းစာမှာ အလေးပေး ထည့်သွင်းရတဲ့ စာတွေဟာ
အပေါစားတွေပါလို့ ပြောချင်သေးတာလား။ အဲ့တာ သူ့စေတနာတွေ၊ သူ့ယုံကြည်ချက်တွေ။
အဲ့ဒီ့လိုမျိုး စာအုပ်တွေကြောင့် အောင်မြင်သွားတဲ့သူတွေရှိတယ်။
အဲ့ဒီလိုမျိုး စာအုပ်တွေကြောင့်ပဲ စိတ်ကြီးကတော့ ၀င်လာပါရဲ့၊ ဘာမှ
အကောင်အထည်မဖော်ပဲ ကြောင်တောင်တောင်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်။ ဒီနေ၇ာမှာ
ကျွန်တော်ပြောချင်တာက ဆရာကြီးရဲ့ စာအုပ်တွေအကြောင်းမဟုတ်ဘူး။
လူတစ်ယောက်အနေနဲ့ ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာ သေသေချာချာသိရင် သူ့အနေနဲ့
အဲ့တာကို မရမချင်းကြိုးစားမှာပဲ။ သူတကယ်လိုချင်တာသေချာတယ်။ စားလည်းဒီစိတ်၊
သွားလည်းဒိစိတ်။ ငါလိုချင်တာ ဒါပဲ။ တစ်ခြားဘာမှ မဟုတ်ဘူး။ ကျွန်တော်တို့
တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရဖို့ အသည်းအသန်ကြိုးပမ်းသလိုမျိုးပေါ့။
အာရုံအားလုံး ဒီတစ်ခုတည်းမှာပဲ။ ကျန်တာ ဘာပဲလုပ်နေရပါစေ ဒီလမ်းကို
မျက်ခြေပြတ်မသွားဘူးလေ။ ဒါပဲ။
ကျွန်တော်ပြောချင်တာ အဲ့ဒါပဲ။ သင်ဘာကို တကယ်လိုချင်တာလဲ။
တကယ်လိုချင်တယ်ဆိုရင် အချိန်တိုင်းမှာ ဒီအကြောင်းကိုပဲတွေးနေရမယ်။
ရူးသွပ်နေရမယ်။ သင်တစ်ကယ်ရတဲ့ အချိန်မှာ သူ့ချည်း သက်သက်မဟုတ်ပဲ
တစ်ခြားအရာတွေပါ ပါလာနိုင်သေးတယ်။ ဒါတွေက လိုအပ်သလို
ထပ်ပြီးဖြည့်ဆည်းခဲ့ရတဲ့ ရည်ရွယ်ချက်တွေ။ ဥပမာ- ကျွန်တော်တို့ ဖိုရမ်ကို
ကိုရဲအောင်စတင်တော့ ဘယ်လိုမြင်ယောင် ရူးသွပ်ခဲ့မယ်ထင်သလဲ။
သူမြင်ယောင်ခဲ့တယ် နည်းပညာသက်သက်ဖိုရမ်ကြီးတစ်ခု။ ဒါက အဓိက ရည်မှန်းချက်။
အောင်မြင်ပါတယ်။ ဒါပေမယ့် နည်းပညာ သက်သက်တော့ မဟုတ်ဘူး။ သုတ၊ရသ၊ နည်းပညာ
အားလုံးပါခဲ့တယ်။ ကျန်တာတွေက လိုအပ်သလို ထပ်ဖြည့်ရတဲ့ ရည်မှန်းချက်တွေ။
ဒီတော့ ကျွန်တော်တို့ လိုချင်တာတွေကို တကယ်ရနိုင်ဖို့အတွက် ကျွန်တော်တို့
ဘာကို တကယ်လိုချင်တာလဲဆိုတာ ကိုယ့်ဘာသာသိရမယ်။ သိပြီလား။ အဲ့ဒါ
သင်လျှောက်ရမယ့်လမ်းပဲ။ အဲ့ဒါ သင့်ရဲ့ ဘ၀ပဲ။ အဲ့ဒီ့မှာ နေထိုင်၊ အဲ့ဒါကို
ခံစား။ ဒါပေမယ့် ဒါကို သိနိုင်ဖို့၊ ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာ
သိနိုင်ဖို့ အချိန်သိးသန့်ပေးပြီး တွေးဖို့တော့လိုအပ်ပါလိမ့်မယ်။
သွေးခန့်
No comments:
Post a Comment