အဖျားအနားမှာ ၀င်ခိုနေလိုက်တယ်….။
အဲ့ဒါ ဇနပုဒ်..။
နေခြည်သင်းကွဲတွေကို အစောဆုံးမြင်ရတယ်။
မြေ၊ရေ၊လေ။မီး၊ဓါတ်ကြီးလေးပါး
သဘာဝပေးသမျှနဲ့ လုပ်စားနေတာ….။
လှည့်ကြည့်ရင်နောက်ကျောပဲရှိတယ်..။
ဘယ်ကောင်မှ ဂရုမစိုက်ဘူး..။
ဒါတောင် သေချာမြင်၇တာမဟုတ်ဘူး။
ဥာဏ်နဲ့သိလိုက်။
အာရောဂျံ ပရမံ လာဘံ။
အသိုင်းအ၀ိုင်းတွေကို ကွင်းပြီး ပတ်ဝန်းကျင်မှာ ကျက်စားတယ်။
အကူအညီ။ သွားပြီးပြန်မလာတဲ့ ကိစ္စတွေ။
သေခြင်းတရားဆိုတာ မြင်ရတယ်။
ကျေးဇူးဆပ်ခြင်းသည် အချစ်မဟုတ်ကြောင်း။
တဘိုင်းဘိုင်းလဲနေတဲ့ ဘ၀တွေ။
နေ နဲ့အတူ တောင်စွယ်နောက်ကို ကွယ်သွားကြ။
မနက်ကျရင် ပြန်ပစ်၇မယ့် စုဗူးထဲထည့်။
တိုပေမယ့် အဆိပ်ပြင်းပါတယ်။တစ်ရှိုက်..နှစ်ရှိုက်…သုံးဖွာ။
အိပ်ပြီ။
တံခါးမခေါက်ရ။
အကြွေးတောင်းခြင်းသည်းခံပါ။ ။
သွေးခန့်
(23.5.2011)
No comments:
Post a Comment